ဒီနေ့မနက်ခင်း ရာသီဥတုကသိပ်မကောင်းဘူးဖြစ်နေတယ် ကောင်းကင်ကအုံ့မှိူင်းနေပြီး မိုးကဘယ်အချိန်ရွာရွာ ရွာချပစ်လိုက်နိုင်တယ်လို့ လူတွေကိုသတိပေးနေတဲ့အတိုင်းပဲ ပြောရမယ်ဆိုရင် Technoလေးရဲ့ရင်ထဲကဖြစ်ပျက်နေတဲ့အတိုင်း ကောင်းကင်ကြီးကအုံ့မှိူင်းနေတယ်တို့ဘာတို့
Techno တစ်ကယ်ပျော်မနေဘူး စိတ်တွေပဲညစ်နေတာ စိတ်ဓာတ်တွေလည်းကျပါတယ် ဒါပေမယ့်လည်း အိမ်ထဲကနေအိမ်ပြင်ကိုထွက်လိုက်လိုက်ချငိးမှာပဲ Kengklaရဲ့အပြုံးကိုမမြင်ချင်လည်းမြင်နေရတာပါပဲ
Kengklaရဲ့အပြုံးကအုံ့မှိူင်းနေတဲ့ရာသီဥတုကြီးကို လင်းထင်းသွားစေတယ်ဆိုတဲ့အချက်ကိုတော့မငြင်းမိပေမယ့်ပေါ့
" ကောင်းသောနံနက်ခင်းပါ P'no "
"မင်း ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
သူဖုန်းတောင်မဆက်ရသေးပဲနဲ့ သူရုံးသွားဖို့အတွက်စီးစရာမရှိဘူးဆိုတာကိုတပ်အပ်သိနေသလိုမျိုး ဒီကောင်လေးကသူ့အိမ်ရှေ့ကိုဘာလို့ရောက်နေတာလဲ
Kengklaကတော့ သူ့ကိုမအီမလည်ကြည့်နေတဲ့အရှေ့ကလူကိုကြည့်ရင်းစိတ်ထဲကပြုံးမိတယ် ဒီလိုမျိုးအရေးပေါ်ကိစ္စဖြစ်နေရင်တောင်မှP'noက သူ့ကိုမခေါ်လောက်ဘူးလို့တွေးထားခဲ့တာ တစ်ကယ်လည်းမခေါ်ခဲ့ပါဘူးလေ နောက်ပြီးတော့P'noစီးစရာမရှိတဲ့တိုက်ဆိုင်မှူကသူ့ရဲ့လုပ်ဆောင်မှူလေ P'noနဲ့အတူရှိဖို့အတွက်အကြောင်းအရင်းတွေကိုတတ်နိုင်သမျှဖန်တီးသွားမယ်လို့ပြောထားခဲ့တယ်မလား အခုကဒီအကြောင်းအရင်းတွေထဲကတစ်ခုပဲ
Technoကတော့အခုထက်ထိအခြေအနေတွေကိုအသားမကျသေးဘူး သေချာတာတစ်ခုကတော့ သူဒီကောင်လေးကိုဖုန်းမဆက်ထားဘူးလေ ဒီတော့ ဒီကောင်လေးကဒီနေရာမှာရှိနေစရာအကြောင်းကိုမရှိတာ အမှန်အတိုင်းပြောရရင် Technoကဘေးအိမ်ကလူနဲ့ဘတ်စ်ကားဂိတ်အထိအတူသွားဖို့စီစဉ်ပြီးပြီ ဘေးအိမ်ကလူကသူ့ဆိုင်ကယ်နဲ့ဘတ်စ်ကားဂိတ်အထိခေါ်သွားပေးလိမ့်မယ် ပြီးတော့မှသူကဘတ်စ်ကားနဲ့ရုံးကိုသွားပေါ့
YOU ARE READING
How to secretly(ျမန္မာဘာသာျပန္/မြန်မာဘာသာပြန်)
RomanceTitle:HOW TO SECRETLY Author:Khun MAME Translator:Yurio Kuco Length:13 Chapter Main pair:Kengkla ♥ Techno