Chapter-10 (Unicode)

563 31 1
                                    

Techno Kengklaရဲ့ကွန်ဒိုဆီကိုအမြန်အပြေးသွားခဲ့တယ် Kengklaမဟုတ်တာတစ်ခုခုလုပ်လိုက်မှာကိုသူအရမ်းကိုကြောက်နေခဲ့တာ အစောကသူပြောခဲ့တဲ့စကားတွေကTechnoရဲ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေတယ်

သူပြောခဲ့တဲ့စကား ဘယ်သူမှကျွန်တော့်ဘက်မှာမရှိဘူး ကျွန်တော့်ကိုအကုန်လုံးကထားသွားတာမို့ P'Noကတော့မထားခဲ့ပါနဲ့

Technoရင်ထဲမှာနာကျင်လာခဲ့တယ်

သူဘာလို့ဒီလိုမျိုးနာကျင်နေရလဲဆိုတာကိုသေချာမသိပေမယ့် Kengklaငိုနေတယ်ဆိုတာကိုစဉ်းစားလိုက်ရုံနဲ့တင် သူ့နှလုံးသားက တစ်ကယ်ကိုမခံစားနိုင်ဘူး

သူKlaကိုတွေ့ချင်တယ် နှစ်သိမ့်ပေးချင်တယ် Klaမှာသူတစ်ယောက်လုံးရှိသေးပါတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်

P'တစ်ယောက်လုံးမင်းဘေးမှာရှိပါသေးတယ် Klaရယ်

သူTaxiကားပေါ်ကနေအမြန်ပြေးဆင်းတဲ့အချိန်ထိအဲ့ဒီအတွေးကသူ့ခေါင်းထဲမှာတဝဲလည်လည်ဖြစ်နေတုနိး

သူဓာတ်လှေကားထဲအမြန်ပြေးဝင်ပြီးအပေါ်တက်တဲ့ခလုတ်ကိုအသည်းအသန်နှိပ်မိတယ်

"သူရူးရူးမိုက်မိုက်အလုပ်တွေတော့မလုပ်လောက်ပါဘူး"

Technoနှူတ်ခမ်းကိုအသာကိုက်ထားမိရင်း ဓာတ်လှေကားရဲ့နံပါတ်ကိုပဲစိုက်ကြည့်နေမိတယ် ဓါတ်လှေကားကခါတိုင်းထက်ကိုပိုကြာနေသလိုပဲ အရင်တုန်းကဒီလောက်ကြီးထိမကြာသလိုပဲ

"မြန်မြန်သွားပါဓါတ်လှေကားရဲ့ ငါ့ချစ်သူသေတော့မလိုဖြစ်နေတယ် မြန်မြန်သွားစမ်းပါ"

Technoဓါတ်လှေကားကိုကျိန်ဆဲနေမိတယ် သူဖုန်းခွက်ကိုကောက်ကိုင်လိုက်ပြီးထိန်းသိမ်းရေးဌာနကိုခင်ဗျားတို့ဓာတ်လှေကားကိုဒီထက်ပိုပြီးမြန်အောင်လုပ်ပေးလို့မရတော့ဘူးလားလို့အော်မေးဖို့အထိတောင် တွေးထားပေမယ့် သိပ်မကြာခင်မှာ သူလိုချင်တဲ့အထပ်ရောက်သွားတာမို့ Technoဓာတ်လှေကားထဲကနေအမြန်ပြေးထွက်လိုက်တယ်

" အောင်မလေး "

Technoကောင်မလေးတစ်ယောက်နဲ့ဝင်တိုက်မိတော့မလိုဖြစ်ပေမယ့် သူအဲ့ဒီကောင်မလေးကိုလုံးဝမတောင်းပန်နိုင်ပဲအမြန်ပြေးထွက်ခဲ့တယ်

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now