Chapter-7 (Zawgyi)

103 8 0
                                    

"P'Noကို​​မေးချင်​တာ​လေးတစ်​ခုရှိလို့ "

"​အေး ​မေး​လေ ဘာ​မေးမှာလဲ "

" P'No Ai'Klaကိုကြိုက်​​နေတာလား "

"မ..မင်း ဘာ​ပြောလိုက်​တယ်​"

အ​မေနဲ့ညီနှစိ​ယောက်​လုံးကြားမှာမျက်​နှာခပ်​တင်းတင်းဖြစ်​​နေတဲ့Technoတစ်​​ယောက်​ Kengklaအိမ်​က​နေထွက်​သွားမှသက်​ပြင်းချမိတယ်

ဒီ​နေ့​တော့ဘယ်​သူမှမရိပ်​မိလိုက်​ပါဘူး​လေဆိုပြီး စိတ်​​အေးလက်​​အေးနဲ့ထမင်းစားခန်းထဲဝင်​​ရေ​သောက်​​နေချိန်​မှာညီ​တော်​​မောင်​လာ​မေးတဲ့စကား ဘာတဲ့ P'No Ai'Klaကိုကြိုက်​​နေတာလား

မေးခွန်းအဆုံးမှာပဲ သူ့လက်​ထဲကဖန်​ခွက်​ကချက်​ချင်းကျကွဲသွားတယ်

" P' ကျွန်​​တော့်​သူငယ်​ချင်းကိုကြိုက်​​နေလားမကြိုက်​ဘူးလားလို့​မေးတာ​လေ "

ဖန်​ခွက်​ကျကွဲသွားတာကိုမြင်​တာ​တောင်​မှ သိချင်​စိတ်​​တွေအပြည့်​နဲ့​မေးမြန်း​နေတဲ့ညီ​လေးပါပဲလား

Technoကသာဖန်​ခွက်​စ​တွေသိမ်းဖို့သတင်းစာရှာဘာရှာနဲ့အလုပ်​ရှူပ်​​နေ​ပေမယ့်​ Technicက​တော့ ဘာမှကူမလုပ်​​ပေးပဲ Technoလုပ်​သမျှကိုထိုင်​ကြည့်​​နေတယ်

"ရူး​နေလား မင်းဘာ​တွေ​တွေး​နေတာလဲ Ai'Nic"

"အင်း ကျွန်​​တော်​က​တော့ P'သူ့ကိုကြိုက်​တယ်​လို့ထင်​တာပဲ "

ကောင်​တာ​ပေါ်ကိုမှီရင်း​ပြောလိုက်​တဲ့Technicရဲ့စကားအဆုံး ဖန်​ကွဲစ​တွေကိုသိမ်း​နေတဲ့Technoလက်​ ဖန်​ကွဲစနဲ့ရှမိမလိုဖြစ်​သွားတယ်

"ဒီ​နေ့ P'ထူးဆန်း​နေတယိ"

"Hoie မင်းက P'အ​ကြောင်းကိုတစ်​အား​တွေစိတ်​ဝင်​စား​နေတာပဲ ကိုယ့်​အတွက်​ကိုယ်​သာစိတ်​ပူစမ်းပါကွာ "

Technoကမလိမ်​တတ်​တဲ့လူစားမျိုး မလိမ်​တတ်​တဲ့လူ​တွေက သူတို့မသိ​စေချင်​တဲ့ကိစ္စကိုတစ်​ခြားလူ​တွေသိသွားတဲ့အချိန်​ဘာလုပ်​ကြလဲသိလား

သေချာ​ပေါက်​လိမ်​ကြတာ​ပေါ့

မလိမ်​တတ်​လိမ်​တတ်​နဲ့အရာရာကိုအိုဗာတင်း​နေတဲ့Technoကိုကြည့်​ပြီး Technicက​ခေါင်းခါလိုက်​တယ်​ ပြီး​တော့ဆက်​​ပြောလိုက်​တာက

How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now