လိုက်ကာထူထူတွေကိုဖြတ်သန်းလာတဲ့နံနက်ခင်းနေရောင်ခြည်က အဖြူရောင်ခြယ်ထားတဲ့အနက်ရောင်ပရိဘောဂတွေရှိတဲ့အခန်းရဲ့ လျှို့ဝှက်ချက်တစ်ခုကိုထုတ်ဖော်လိုက်တယ် အခန်းအလယ်မှာတော့ အညိုရောင်ရယ်နို့နှစ်ရောင်ရယ်နဲ့ခြယ်ထားတဲ့ နှစ်ယောက်အိပ်ကုတင်အကြီးကြီးတစ်ခုက ကုတင်ပေါ်မှာအိပ်နေတဲ့လူတစ်ယောက်ကိုနူးညံ့ညင်သာမှူအပြည့်နဲ့အတူ အိပ်မောကျနေအောင် စွမ်းဆောင်ထားတယ်
ဒါပေမယ့်လည်း အချိန်တန်ရင်နိုးထလာတဲ့ခန္တာဗေဒစနစ်ကြောင့် Technoမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါ မြင်လိုက်ရတာကအဖြူရောင်မျက်နှာကြက်
ငါဘယ်ရောက်နေတာလဲ???
ပထမစက္ကန့်တုန်းကတော့အူကြောင်ကြောင်ဖြစ်နေပေမယ့် ဒုတိယစက္ကန့်မှာတော့ Technမျက်လုံးပြူးသွားရတယ်
သေစမ်း
(ထထိုင်)
"Emmmmmm"
လုံးဝကိုနိုးလာပြီဖြစ်တဲ့Technoတစ်ယောက် သူဘယ်ရောက်နေတယ်ဆိုတာကိုသိသွားတဲ့အချိန်မှာ အမြန်ထထိုင်ဖို့လုပ်လိုက်ပေမယ့် သူ့ကိုတစ်ခုခုကဖိထားတယ်
ဒီအခြေအနေကြီးကိုငါဘယ်လိုရှင်းပြရမှာလဲ
ညဉ်းညူသံတစ်ချို့နဲ့အတူ သူ့ရင်ဘတ်ကိုတက်ဖိထားတာကKengklaဖြစ်မှန်းသိလိုက်ရတဲ့အခါ Technoထူးထူးဆန်းဆန်းပြုံးမိတယ်
ရုပ်ချောချောနဲ့ကောင်လေးက သူ့ကိုညင်ညင်သာသာပွေ့ဖက်ထားတယ် သူ့မျက်နှာကTechnoရဲ့ရင်ဘတ်ကိုအပ်ထားပြီး Technoကလှူပ်လိုက်တဲ့အခါ ကောင်လေးရဲ့လက်တွေကပိုပြီးတော့တင်းကျပ်လာတယ် သူ့ပေါ်မှာဖားကလေးတစ်ကောင်လိုကပ်တွယ်နေတဲ့ဒီကောင်လေးကချစ်ဖို့တော့ကောင်းသားပဲ
ဒါပေမယ့် ဒီလိုချစ်ဖို့ကောင်းနေတာကိုအနီးကပ်မြင်နေရတာက Technoကိုုထူးထူးဆန်းဆန်းတွေဖြစ်စေတယ်
YOU ARE READING
How to secretly(ျမန္မာဘာသာျပန္/မြန်မာဘာသာပြန်)
RomanceTitle:HOW TO SECRETLY Author:Khun MAME Translator:Yurio Kuco Length:13 Chapter Main pair:Kengkla ♥ Techno