Extra-2 (Unicode)

1.1K 47 2
                                    

Technoအရမ်းကိုစိုးရိမ်စိတ်တွေများပြားနေတယ်

"အင်း ငါသိပြီးသားပါ ငါပဲအကုန်လုံးကိုစာရှင်းပြရမှာလေ ဒီတော့ဘယ်နှစ်ယောက်လောက်လာမလဲ "

ဇိမ်ခံတိုက်ခန်းထဲမှာအိပ်နေတဲ့ Technoတစ်ယောက်ညကြီးသန်းခေါင်အိပ်မှူန်စုံမွှားနဲ့ရေတစ်ခွက်လောက်သောက်ဖို့မီးဖိုခန်းထဲဝင်လာခဲ့တယ်

ဒါပေမယ့်လည်း ဧည့်ခန်းထဲကနေပကျိပကျိနဲ့အသံတိုးတိုးလေးပြောနေသံကြားရပြန်တော့သူဧည့်ခန်းကိုချောင်းကြည့်လိုက်တယ်

စားပွဲပေါ်မှာရှိနေတဲ့စာအုပ်တွေစာရွက်တွေကြောင့် သူ့ရဲ့ချောမောလှတဲ့ရည်းစားလေးကစာလုပ်နေတယ်လို့ထင်ရပေမယ့် တစ်ကယ်တော့သူကတစ်ခြားလူတစ်ယောက်နဲ့ဖုန်းပြောနေခဲ့တာပဲ

အခုအချိနိကKengklaတို့ရဲ့ငရဲနဲ့တူတဲ့စာမေးပွဲအချိန်အခါကြီးပေါ့

Kengklaကဒီရက်ပိုင်း စာမေးပွဲအတွက် စာကြည့်နေရတာနဲ့တင်အလုပ်ရှူပ်နေခဲ့တာ Technoကိုထိတောင်မထိနိုင်တာမို့ Technoတစ်ယောက်မနက်မိုးလင်းလာရင်ရုံးကိုစိတ်ချမ်းချမ်းသာသာနဲ့သွားနေတာနည်းနည်းကြာနေပြီ အလုပ်သွားတဲ့လမ်းမှာလေလေးတောင်ချွန်လိုက်သေး

ဒါပေမယ့်လည်း သူတစ်ခုခုကိုသတိထားမိလာချိန်မှာတော့ မပျော်တော့ဘူး

Kengklaကကောင်မလေးတွေနဲ့ဖုန်းပိုပြောလာသလိုပဲ

"ဟုတ်တယ် နင်မရှင်းတာရှိရင်လာမေးလိုက်လေ Ing ငါရှငိးပြပေးမယ် စာအုပ်တွေလည်းစုံအောင်ယူခဲ့ဦး ငါတို့တစ်ခြားဟာတွေကိုပါကြည့်လို့ရတာပေါ့ "

ဒီနေ့နာမည်ကIngတဲ့လား

Techno သူ့လက်ထဲကဖန်ခွက်ကိုတင်းတင်းဆုပ်ကိုင်ထားလိုက်တယ်

သူဒီလိုဖြစ်နေတာလည်းမပြောနဲ့လေ မနေ့ကသူပြောနေတဲ့သူနာမည်က Pim

တစ်မြန်မနေ့ကကျတော့Ann

လွန်ခဲ့တဲ့သူံးရက်ကကျတော့ Moong ming

နာမည်တွေကထူးဆန်းနေပေမယ့်လည်း အဲ့ဒါတွေအကုန်လုံးကမိန်းကလေးနာမည်တွေပဲဆိုတာကို သူသေချာပေါက်ပြောရဲတယ်

🎉 You've finished reading How to secretly(မြန်​မာဘာသာပြန်​/မွနျ​မာဘာသာပွနျ) 🎉
How to secretly(မြန်​မာဘာသာပြန်​/မြန်​မာဘာသာပြန်)Where stories live. Discover now