//UNICODE//
အခန်း ၁၀ - Living Together
စုလင်းရဲ့မျက်ဝန်းလေးများဟာ အပြုံးလေးတစ်ခုကြောင့် ကျဥ်းမြောင်းသွားခဲ့ရပြီး ပါးပြင်မို့မို့မှာ ပါးချိုင့်လေး ၂ခုက ထင်းခနဲ ပေါ်လာသည်။ သူ့ရဲ့ မျက်ဝန်းမှေးမှေးလေးက ကွေးညွှတ်နေခဲ့ပြီး ကြည်လင်သန့်ရှင်းနေခဲ့သည်။
ကုလီဟန် ၂စက္ကန့်လောက် မှင်သက်သွားခဲ့ရပြီးနောက် စုလင်းရဲ့ မျက်လုံးကြည်ကြည်လေးတွေမှ အဝေးကို အကြည့် လွှဲလိုက်ရသည်။ ပြီးတော့ သူက ဆိုလိုက်သည်။
"မင်း..ဒါ သေချာလုပ်တာပဲ"
သူ့အသံက တည်ငြိမ်နေပြီး သေချာနေသည့်ဟန်။
စုလင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူ့အပြုံးကို ထိန်းလိုက်ရသည်။ စုလင်း ကုလီဟန်ကို စိုက်ကြည့်လိုက်သည်။ ကုလီဟန်ရဲ့အမူအရာမဲ့နေသည့်မျက်နှာကနေ တကယ်တမ်း သူ့စိတ်ထဲက အတွေးအစစ်အမှန်တွေကို ကြိုးစားရှာဖွေကြည့်ရင်း
"ခင်ဗျား စိတ်မဆိုးဘူးမလား? ဟမ်?"
ကျောပိုးအိတ်ပေါ်တင်ထားတဲ့ သူ့ခေါင်းလေးကို မလိုက်ပြီး မတ်မတ်ထိုင်ကာ စုလင်း ရှင်းပြလာသည်။
"ကျွန်တော်က စ ချင်ရုံပါ။ ခင်ဗျားကိုကြည့်ရတာအမြဲတမ်း အရမ်းတည်ကြည်လေးနက်တဲ့ပုံ ပေါက်နေလို့"
စုလင်းရဲ့အကြည့်က နွေးထွေးပြီး ရိုးသားနေသည်။ စိုးထိတ်နေသည့်ဟန် တစွန်းတစလည်း အကြည့်ထဲမှာ ရောထွေးလျက်။ ကုလီဟန်က အမြဲတမ်း တည်တည်ကြီးနဲ့လေးနက်နေခဲ့တော့ သူရဲ့ သည်းခံနိုင်စွမ်းအကန့်အသတ်ကို စုလင်း သိပ်တော့ မသေချာခဲ့ပေ။ စုလင်း ကိုယ့်ရှူးကိုယ်ပြန်ပတ်သလို မဖြစ်စေဖို့ သေသေချာချာ ရှင်းပြချင်ပေသည်။
သင်ခန်းစာရသွားပုံ ပေါက်နေတဲ့ စုလင်းရဲ့ အမူအရာကို ကြည့်ပြီး ကုလီဟန် သူ့ဘာသူတွေးလိုက်သည်။
ကလေးပဲ ရှိသေးတာ
ထို့ကြောင့် သူပြောလိုက်သည်။
YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...