//UNICODE//
အခန်း ၂၉ - [အခြေအနေ]
ကုလီဟန် Villaထဲ လှည့်မဝင်ခင် တံခါးပေါက်မှာ ခဏကြာသည်အထိ ရပ်နေခဲ့မိသည်။ သူ တစ်စုံတစ်ယောက်ဆီ စာပို့လိုက်ပြီး ဒုတိယထပ်ကို သွားခဲ့သည်။ သူ Isolatorကို ဖြုတ်ကာ ရေချိုးခဲ့ပြီးနောက် ချည်သားညအိပ်ဝတ်စုံကို လဲလိုက်သည်။ ခန္ဓာကိုယ်သက်တောင့်သက်သာရှိမှုက သူ့အမူအယာကိုလည်း ပြေလျော့သွားစေခဲ့သည်။ ထို့နောက် စာကြည့်ခန်းကိုသွားပြီး နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
ခေါ်ဆိုမှုက လျှင်မြန်စွာပဲ ချိတ်ဆက်သွားခဲ့ပြီး တစ်ဖက်မှ စိတ်ကျန်းမာရေးဆရာဝန်မေးလ်ရဲ့ တည်ငြိမ်ညင်သာသည့်အသံ ထွက်လာသည်။
"ကောင်းသော ညနေခင်းပါ"
ကုလီဟန်က သူ့ကို ပြန်နှုတ်ဆက်ပြီးသည်နှင့် မေးလ်က တန်းမေးလာသည်။
"တိုးတက်မှုရှိလား?"
ကုလီဟန် တံတောင်ကိုကွေးပြီး လက်တွေကို နဖူးမှာ ထောက်ကာ
"ဟင့်အင်း ကျွန်တော် ခင်ဗျား အကူအညီလိုတယ်"
မေးလ်:" ကူညီပေးဖို့ ဝမ်းမြောက်ဝမ်းသာလျက်ပါ။ မင်းရဲ့ လက်ရှိအခြေအနေကို ပြောပြပါဦး။ မင်းကို ပြုံးစေနိုင်တဲ့ တစ်ယောက်နဲ့ကော အဆက်သွယ်ရှိသေးလား?"
ကုလီဟန်:"ရှိတယ်"
မေးလ်က ချက်ချင်းပဲ ဆက်မေးလာသည်။
"အကျိုးသက်ရောက်မှုကကော ဘယ်လိုလဲ?"
ကုလီဟန် ခဏ တိတ်ဆိတ်သွားခဲ့သည်။ သူက မေးခွန်းကိုရှောင်ကာ ပြန်မေးလိုက်သည်။
"သူ ကျွန်တော့်ကို ကူညီမပေးနိုင်ဘူး။ တစ်ခြား နည်းလမ်း တစ်ခုခုများ ရှိဦးမလား မေးချင်လို့ ခင်ဗျားကို ဆက်သွယ်လိုက်တာ"
ကောင်ငယ်လေးရဲ့ဘေးမှာ နေရတာ သက်တောင့်သက်သာရှိပြီး ပျော်ရွှင်ရပေမယ့် ကောင်ငယ်လေး ဝန်ခံလာပြီးတဲ့နောက် အရာအားလုံးက ပြောင်းလဲသွားသည်။ မတိုင်ခင်က ကုလီဟန် ကောင်ငယ်လေးအနား နေရတာ ကြိုက်သည်၊ ကောင်ငယ်လေးကို ကူညီစောင့်ရှောက်ရတာ သူ့အတွက် သဘာဝကျသည်ဟု ခံစားခဲ့ရသည်။ ကောင်ငယ်လေး ဝန်ခံမလာခင်ထိ Alphaနဲ့Omegaကြားက ခံစားချက်တွေကို ထည့်မစဥ်းစားမိခဲ့ချေ။ သူ့ နှလုံးခုန်သံတွေက ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ပြီး သူ့နှလုံးသားမှာ တစ်ခါမှ မခံစားခဲ့ရဖူးသည့် ပျော်ရွှင်မှုက လှိုင်းထန်နေခဲ့သည်။ ဤ တုန့်ပြန်မှုများက ကောင်ငယ်လေးအပေါ် သူ့ခံစားချက်ဟာ ခင်မင်ရုံ မဟုတ်ဘူးဆိုတာကို သဘောပေါက်စေခဲ့သည်။ကုလီဟန်က တစ်ခါမှ မချစ်ဖူးသော်ငြားလည်း အရူးတစ်ယောက်မဟုတ်ပါချေ။ သူငယ်ချင်းတစ်ယောက်ရဲ့ ဝန်ခံမှုကို ဘယ်သူကမှ ဒီလို တုန့်ပြန်မှာ မဟုတ်ပေ။ ဒီခံစားချက်တွေကို နားလည်ပြီးတဲ့နောက်မှာ ကောင်ငယ်လေးရဲ့အပြုံးက သူ့အတွက် ကျိန်စာတစ်ခုလို ဖြစ်သွားခဲ့သည်။ ထိုအပြုံးက ဟိုးအရင်ချိန်တွေမှာ သူဖိအားပေးခံရပြီး သွားခဲ့ရသည့် ဘလိုင်းဒိတ်တွေကို အမှတ်ရစေသည်။ ထိုလူတွေရဲ့ ကြောက်ရွံ့နေကြသည့်အမူအရာတွေ၊တုန်လှုပ်နေကြတဲ့အကြည့်တွေက သူ့စိတ်ထဲမှာ ဆက်တိုက် ပုံရိပ်ထင်လာသည်။ ပထမဆုံး ဘလိုင်းဒိတ်မှာ အဲ့လိုမဖြစ်ခဲ့ပေမယ့် ဒုတိယအကြိမ်၊ တတိယအကြိမ်တွေမှာတော့ အမြဲတမ်း တူညီသော ရလဒ်နဲ့သာ အဆုံးသတ်ခဲ့သည်။ ကောင်ငယ်လေးမှာ သိပ်ကို လှပသည့် အပြုံးလေးရှိပေသည်။ သူ(SL)သာ အမူအယာမဲ့တဲ့သူနဲ့ အတူရှိတော့မယ်ဆိုရင် သူ(SL)ထပ်ပြီး သည်းမခံနိုင်တော့ တစ်ရက် ရောက်လာမှာဖြစ်ပြီး သူ့အပြုံးတွေကလည်း ကုန်ဆုံးသွားပေလိမ့်မည်။ လူတိုင်းဟာ သူတို့နှစ်သက်သူဆီကနေ မျှော်လင့်တာ တစ်ခုရှိတတ်ကြသည်။ မျက်နှာသေနဲ့ လျစ်လျူရှုမှုတွေအစား သူတို့ချစ်သူရဲ့ အပြုံးတစ်ခုကိုသာ မျှော်လင့်တာမျိုးဖြစ်သည်။
YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...