//UNICODE//
အခန်း ၁၇ - အကူအညီ
စုလင်းရဲ့အဖြေတွင် တည်ငြိမ်မှု တစွန်းတစကို မြင်တွေ့ရနိုင်ပြီး သူက ကုလီဟန်ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး စိတ်ထဲမထားပါရန် နှစ်သိမ့်နေခဲ့သည်။
ကုလီဟန်ရဲ့ အကြည့်က စုလင်းရဲ့ အနည်းငယ်မျှနီရဲနေသော မျက်နှာလေးပေါ် ကျရောက်လာပြီး သူကမေးလိုက်သည်။
"မင်း သတင်းကိုတွေ့ပြီးပြီလား?"
စုလင်းက ပုခုံးကို တွန့်ပြလျက်
"ကျွန်တော် သတင်းတွေမကြည့်ဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်pheromoneတွေအနံ့ဆိုးတာနဲ့ ပတ်သတ်တဲ့ သတင်းပဲ ဖြစ်မှာ။ ကျွန်တော့်ရဲ့ပထမစစ်ဆေးမှုက ကုန်ကြမ်းရိတ်သိမ်းဖို့လေ။ ကျွန်တော် တစ်ခါလောက်တော့ကြိုးစားကြည့်ချင်တာနဲ့ Isolatorဖြုတ်လိုက်တာ။"
ထို့နောက် သူက အနည်းငယ် ရှက်ဝဲဝဲ ဖြင့် ဆက်ပြောလာသည်။
"အခြေအနေကတော့ ကျွန်တော် ထိပ်တန်းAအဆင့် စိတ်ဝိညာဥ် ၃ပင်ကနေ ကုန်ကြမ်းထုတ်ဖို့လုပ်တုန်းကနဲ့ အတူတူပဲရယ်။ ပြီးတော့ အဲ့ဒါက အခန်းထဲက တစ်ခြားဖြေဆိုသူတွေကိုပါ သက်ရောက်ကုန်လို့ ကျွန်တော် စစ်ဆေးမှုကို လက်လျော့လိုက်တယ်။"
သူ့အသံက အရမ်းကို တည်ငြိမ်နေခဲ့ပြီး စိတ်မကောင်းဖြစ်နေတာမျိုးမရှိသလို သိမ်ငယ်နေတာမျိုးလည်းမရှိပေ။
ကုလီဟန်ရဲ့ မျက်ဝန်းအိမ်များ အနည်းငယ် လှုပ်ရှားသွားရသည်။ ကောင်ငယ်လေးက ထိုင်ခုံကြီးမှာထိုင်နေပြီး သူ့ကို မော့ကြည့်လာတော့ ကုလီဟန်က နေရောင်အောက်မှာရပ်နေခဲ့တာဖြစ်သည်။ ကောင်ငယ်လေးက သေချာပေါက်ကို ထီးအကြီးကြီးအရိပ်အောက်မှာ ရှိနေခဲ့တာဖြစ်ပေမယ့် ကုလီဟန်အတွက်တော့ သိပ်ကို တောက်ပနေသလို ခံစားခဲ့ရသည်။ နူးညံ့ညင်သာလှသော အသံလေးဖြင့် ကုလီဟန်က
"မဟုတ်ပါဘူး။ မင်းက 'Omegaအလှပဂေး' အဖြစ် Vote အပေးခံနေရတာ"
"ဘာကြီး?"
စုလင်း ကြက်သေသေသွားရသည်။
ဘယ်လောက်ရှက်စရာကောင်းလိုက်တဲ့ ခေါင်းစဥ်ကြီးလဲ?
YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...