Chapter - 63

5.7K 525 24
                                    

//Unicode//

အခန်း ၆၃ - နွယ်ပင်ရည်

ကလေးငယ်များ သင်ကြားရေး အစီအစဉ်မှ ရင်းနှီးသော အသံကို ကြားလိုက်ရသောအခါ စုလင်း ပြုံးကာ တိတ်တိတ်ဆိတ်ဆိတ် အခန်းထဲမှ ထွက်သွားလေသည်။ သူတို့က သင်ယူရတာ တကယ်ကို နှစ်သက်​နေကြသည်ပင်။

စုလင်း လက်ထဲမှ သစ်ရွက်​လေးကိုကြည့်လိုက်ရာ ​ထွင်း​​ဖောက်မြင်နိုင်​သော အရည်များ ဖြတ်ထားသည့်​နေရာမှ ထွက်​နေတာကိုမြင်လိုက်ရသည်။ ခပ်​ဖျော့​ဖျော့ အ​မွှေးနံ့က သင်းခနဲ ထွက်လာကာ ချက်ချင်း ​ပျောက်သွားသည်။ ရှန်းမိုယွီရဲ့ ရနံ့နဲ့ ​ရောသွားတာဖြစ်​ကောင်းဖြစ်နိုင်သလို ဒီအတိုင်း ​လေထဲမှာ လွင့်​ပျောက်သွားတာလည်း ဖြစ်နိုင်သည်။ စုလင်း အံ့သြသွားရပြီး အနံ့က ရှန်းမိုယွီရဲ့ ရနံ့နဲ့ တစ်သားတည်း ဖြစ်သွားနိုင်တာလား? ဒါမှမဟုတ် သူ့ဘာသာပဲ အနံ့ကို ဖုံးကွယ်ထားနိုင်တာလား? လုံ​မော့ထန်ရဲ့ သူ့ကိုယ်သူ ဖုံးကွယ်နိုင်သည့် လက္ခဏာကို ​တွေးမိလိုက်ရာ ဒီခန့်မှန်းချက်၂ခုက ဖြစ်နိုင်သည်ဟု သူခံစားမိလိုက်ရသည်။ သူ ဖန်ပုလင်း တစ်ခုကို ထုတ်ကာ အရည်​တွေကို ဂရုတစိုက်စု​ဆောင်းလိုက်ပြီး ကုလီဟန်ရဲ့အမြင်ကို လှည့်​မေးသည်။

ကုလီဟန်:" တစ်ခြား စိတ်ဝိညာဥ်ပင်​တွေရဲ့ ရနံ့ဆီနဲ့​ရောပြီး စမ်းသပ်ကြည့်၊ ပြီးမှ သက်​ရောက်မှုကို ​စောင့်ကြည့်ကြည့်​ရရင်​ကော"

စုလင်း ကုလီဟန်ရဲ့ အကြုံပြုချက်ကို သ​ဘောတူပြီး အလုပ်စားပွဲကိုသွားလိုက်သည်။ သူ နှင်းဆီရနံ့ဆီ ၂စက်ကိုယူကာ ကြွေပန်းကန်ပေါ်တွင် တင်လိုက်သည်။ အဝါဖျော့ဖျော့ အရည်က နှင်းဆီရနံ့သင်းသင်းတို့ထုတ်လွှင့်​နေလျက် ဖြူ​ဖွေး​နေသော ကြွေထည်ပေါ်တွင် ရှိ​နေသည်မှာ မြင်ရတာ လှပနေ​ပေသည်။ သူ ​နောက်ထပ် နွယ်ပင်​ရည် ၂စက်ကိုယူလိုက်သည်။ ​နွယ်ရည်ကြည်ကြည်​လေးများဟာ ​ကြွေပန်းကန်​ပေါ်တွင် ​ပျောက်ကွယ်သွား​တော့မ​​ယောင်ဖြစ်နေသည်မှာ အနည်းငယ် အလင်းပြန်လိုက်မှသာ သတိပြုနိုင်​ပေမည်။ စုလင်း ရနံ့၂မျိုးကို ဂရုစိုက်ကာ ​စောင့်ကြည့်​နေ​လေသည်။ မကြာမီပင်  နွယ်ရည်အနံ့က လုံးဝ​ပျောက်သွားပြီး ​လေထုထဲတွင် နှင်းဆီရနံ့တစ်မျိုးတည်းသာ ကျန်​နေခဲ့သည်။ စုလင်း နွယ်ရည်ထဲကို လက်ညိုး​လေးနဲ့တို့ကာ အနံ့ခံကြည့်သော် မည်သည့် အနံ့မှ ရှိ​မ​နေ​ပေ။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now