//UNICODE//
အခန်း 43.1 - သွေးအန်ခြင်း
ဆုံးဖြတ်ချက်ချပြီးနောက်မှာတော့ စုလင်းကို လင်းမန် ကားထဲ ဆွဲခေါ်သွားတော့သည်။ အစကတော့ စုလင်း နှင်းဆီပန်းတွေ ပို့တာ တစ်ရက်လောက်ရပ်ပြီးရင် ဆက်ပို့ရကောင်းမလားလို့ တွေးနေခဲ့သည်။ ဒါပေမယ့် ဒီနေ့အတွက်တော့ သူ စိတ်ပူစရာ မလိုတော့။
လင်းမန်က အဝတ်အစားတွေ ဝယ်ရတာကို အရမ်း ကြိုက်လှသည်။ သူ့အတွက် ဝတ်စုံ ရွေးရတာကို ကြိုက်ပေမယ့် စုလင်း အတွက် ရွေးရတာ ပိုလို့တောင် စိတ်လှုပ်ရှားနေခဲ့သည်။ စုလင်းလေးကတော့ဖြင့် အဝတ်အစားဝယ်ရတာ ဒီလို အရမ်းပင်ပန်းလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိချေ။ မွန်းတည့်ချိန်နီးနေပြီဖြစ်သော်လည်း လင်းမန်က ဝတ်စုံတွေ ဆက်ကြည့်နေပြီး အားပါးတရ ဝတ်ကြည့်လိုက် ရွေးလိုက် လုပ်နေဆဲပင်။ စုလင်း ဆိုဖာပေါ် လှဲချလိုက်ပြီး ငါတော့ နားပြီ ဟု ပြောလိုက်သည်။ သူ အဝတ်တွေ စမ်းမဝတ်တော့ဘဲ အကြံသာ ထိုင်ပေးနေခဲ့သည်။
မှန်ထဲကို ကြည့်လိုက်ရင်း လင်းမန် လည်စည်းလေးကို ညှိကာ
"ငါ ငယ်ငယ်ကဆိုလေ အဝတ်အစားတွေ ဝတ်တမ်းဆော့ရတာကို အကြိုက်ဆုံးပဲ ဒါပေမယ့် ကံမကောင်းတာက ငါ့မှာ Omega အစ်ကို မရှိခဲ့ဘူး"
သူက စုလင်းဘက်ကို ခေါင်းလေး ငဲ့ကြည့်ရင်း
"ဖက်ရှင်အတွက် ငါ့အမြင်က အရမ်းကောင်းတာနော်။ မင်း အဲ့ဒီမှာ အသာလေး ထိုင်ပြီး စောင့်နေလိုက်။ ငါမင်းအတွက် အလိုက်ဖက်ဆုံး အသင့်တော်ဆုံး ဝတ်စုံကို ရွေးပေးမယ် အဲ့ဒါမှ မင်းလူတိုင်းကို အံ့သြသွားအောင် စပရိုက် တိုက်လိုက်နိုင်မှာ!"
စုလင်းရဲ့ နှုတ်ခမ်းထောင့်လေး တွန့်သွားပြီး
"အဲ့လောက် အကျယ်မချဲ့ပါနဲ့။ ငါက အတော်လေး ခပ်လျိုလျိုပဲ နေတတ်တာ။ ငါ့ရဲ့ ၀တ်စားဆင်ယင်ပုံက သပ်သပ်ရပ်ရပ်ဖြစ်နေသရွေ့ ရပြီ"
လင်းမန်က သဘောမတူလှစွာဖြင့်
"မရပါဘူး။ မင်း ဒီညပါတီအတွက် မဒမ်ကုရဲ့ရည်ရွယ်ချက်ကို မေ့သွားပြီလား? မင်း အကောင်းဆုံး အချောဆုံး ဖြစ်နေစေမယ့်ဟာ ရွေးမှကို ရမယ်"
YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...