//UNICODE//
အခန်း ၁၅ - အင်တာဗျူး
စာမေးပွဲက ၃ ရက်ကြာအောင်ဖြေရမှာ ဖြစ်သည်။ အင်တာဗျူးက ၁၂ ရက်နေ့မှာစပြီး ရေးဖြေက ၁၄ရက်နဲ့ ၁၅ရက်နေ့ဖြစ်သည်။
၁၁ရက်နေ့တွင် ကျောင်းဆင်းသောအခါ စုလင်း မွှေးရနံ့ဘားကိုသွားခဲ့သည်။ သူက အပင်သိုလှောင်ခန်းကို သွားပြီး နောက်နေ့ စာမေးပွဲအတွက် ပြင်ဆင်ရန် စိတ်ဝိညာဥ်ပင်များကို လေ့လာနေခဲ့သည်။ သူ သိုလှောင်ခန်းက ပြန်ထွက်လာသည်နှင့် နာလူးက သူဘေးနားမှာလိုက်ပြီး ပြောသည်။
"အင်တာဗျူးရလဒ်ကလေ စံမမီရင်လည်း ကိစ္စမရှိဘူး သိလား။ ရေးဖြေရောက်ရင် မင်းကသေချာပေါက် အမှတ်အများဆုံးရမှာ။ တကယ်လို့ကွာ မလုပ်နိုင်ရင်တောင် နောက်နှစ်ဆို လုပ်နိုင်သွားမှာ"
စုလင်း မရယ်ဘဲ မနေနိုင်တော့ချေ။
"ကျွန်တော် သိပါတယ် လေးလေးနာလူးရဲ့။ အဲ့စကားတွေက အရင် လေးလေးကို ကျွန်တော်ပြောခဲ့တာလေ။"
နာလူးက သူ့ကိုကြည့်လိုက်ပြီး ပူပန်စွာဖြင့်
"ငါက မင်းရလဒ်ကို လက်မခံနိုင်မှာ စိုးနေတာ"
စုလင်း လက်ကောက်ဝတ်ကို အသာပွတ်လိုက်တော့ ဒဏ်ရာက ပြန်ကောင်းနေပြီဖြစ်သော်လည်း အမာရွတ်ကျန်နေသေးတာကို မြင်လိုက်ရသည်။
"ကျွန်တော် အဲ့လို မဖြစ်ပါဘူး"
စုလင်း ရယ်လိုက်တော့ သူ့အပြုံးက တောက်ပနေလျက်။
နာလူး သူ့ကို ခဏမျှ စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတော့ စိတ်သက်သာရာရသွားသည်။
"စာမေးပွဲပြီးတာနဲ့ ညစာလိုက်ကျွေးမယ်"
စုလင်း မဆိုင်းမတွပင် လက်ခံလိုက်သည်။
"ကောင်းပြီလေ"
စုလင်း Villaကို ပြန်ရောက်ချိန်တွင် ဒီရက်ပိုင်းအတွင်း အလုပ်များနေခဲ့သော ကုလီဟန်ကို ဧည့်ခန်းဆိုဖာမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ သူချက်ချင်း ပြေးသွားလိုက်ပြီး မေးလိုက်သည်။
YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...