UNICODE
အခန်း ၅၈ - စမ်းသပ်မှု
ရှန်းမိုယွီ သဘောတူတာကို မြင်တော့ စုလင်းမရယ်မိဘဲ မနေနိုင်တော့ချေ။ သူ အမြစ်ကို ကိုင်ကာ ခပ်ဖွဖွ ညှစ်လိုက်ပြီး
"ကြယ်ဒင်္ဂါးတွေကို သိပ်ကြိုက်တာပဲလား?"
ပါဝင်ခ ရမယ် ကြားတာနဲ့ ချက်ချင်း တန်းသဘောတူလိုက်ရအောင်ထိပေါ့
အမြစ်များသည် အတက်အဆင်း လှုပ်ရှားကြသည်။
ငါ့မှာ ပိုက်ဆံရှိရင် ငါ့သားကို ပြုစုပျိုးထောင်နိုင်တယ်!!
စုလင်း: "မင်းပေးထားတဲ့ ကုန်ကြမ်းတွေက ငွေအများကြီးနဲ့ ရောင်းနိုင်တယ်။ မင်း ကြယ်ဒင်္ဂါးတွေကို ကြိုက်တယ်ဆိုရင် ကုန်ကြမ်းတစ်ချို့ကို မင်းအတွက် ငွေသား ပြောင်းပေးစေချင်လား?"
ရှန်းမိုယွီရဲ့ အာရုံအားလုံးက 'ငွေများစွာဖြင့် ရောင်းနိုင်သည်' ဟူသော စကားပေါ်မှာရှိတေတာကြောင့် ကျန်စကားများကို လုံးဝ မကြားတော့ပေ။ အမြစ်ထိပ်ဖျားကို တောင့်တင်းကာ အမြစ်တွေအများကြီးက လေထဲတွင် ပျော်ရွှင်စွာ ဝှေ့ယမ်းနေကြသည်။
"ဟာဟားဟား၊ မင်းကြားလား"
ရှန်းမိုယွီက သူ့သူငယ်ချင်းလေးကို ကြွားတော့သည်။
"ငါ့အဆိပ်ကို ပိုက်ဆံတွေ အများကြီးနဲ့ ရောင်းလိုက်တာတဲ့!"
လုံမော့ထန်: "အရူး၊ မင်းပဲ ဘာမှ မရောင်းဘူးလို့ စောစောက ပြောခဲ့တယ် မဟုတ်လား"
"အင်းး ပြီးခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက နေရာလွတ်ထဲမှာ ငါတွေ့ခဲ့တယ်လေ ဟဟဟ"
[TN- ဒီနား me နားမလည်ပါ daddy ရှန်းမိုယွီက ဘာကိုတွေ့ခဲ့တယ်လို့ပြောချင်မှန်း me မသိပါ🤧]ရှန်းမိုယွီက အူမြူးနေလျက်
"တကယ် အံ့သြစရာကောင်းတာပဲ"
ရှန်းမိုယွီ အရမ်းပျော်နေသည်ကိုမြင်တော့ စုလင်းက သူအချိန်ရတာနဲ့ ငွေနည်းနည်းလောက်လဲဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ရေပန်းစားနေသော သိပ္ပံရေးရာ ပရိုဂရမ်းရဲ့ ဒါရိုက်တာဝမ်ထံ စာတစ်စောင်ပေးပို့လိုက်သည်။
YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...