Chapter - 13 (U+Z)

13.5K 2K 63
                                    

//UNICODE//

အခန်း ၁၃ - ဆေးရုံသို့သွားခြင်း

စုလင်း တအံ့တသြနဲ့ မျက်ခုံး​လေးကိုပင့်လိုက်မိပြီး ကုလီဟန်နဲ့ မျက်နှာချင်းမှာ ဝင်ထိုင်လိုက်သည်။ သူ ပါး​ဖောင်း​ဖောင်း​လေး လက်ညိုး​လေးနဲ့အသာကုတ်လိုက်ရင်း ​ခေါင်း​လေး​စောင်းပြီး​မေးလိုက်သည်။

"ကျွန်​​တော့်ကို ကြည့်ရတာ အဆင်​မပြေတဲ့ပုံ ​ပေါက်​နေတာလား?"

စုလင်းက အ​တော်​လေးချော​တာကြောင့် သူလုပ်​နေပုံလေးက အရမ်းချစ်စရာ​ကောင်းသွားသည်။ ကုလီဟန် ခဏ​လောက် ရပ်တန့်သွားရပြီး မျက်လုံးများကိုလွှဲလိုက်ရရင်း

"​ကျောင်းချင်က ကိုယ့်ကို ဆက်သွယ်လာတယ်။ သူ့ညီက မင်းကို ထပ်ဒုက္ခ​ပေးမိတယ်တဲ့။ အဲ့ဒါ​ကြောင့် ကိုယ့်ကို ဒုက္ခများ​စေမိတဲ့အတွက် တောင်းပန်ပါတယ်တဲ့"

စုလင်းမျက်​တောင်​လေး ပုတ်ခတ်ပုတ်ခတ်နှင့် ​မေးလာသည်။

"သူက ခင်ဗျားကို ဘာလို့​တောင်းပန်ရတာလဲ?"

​သူနဲ့ကုလီဟန်ရဲ့ဆက်ဆံ​ရေးကို အထင်လွှဲသွားတာ ဖြစ်နိုင်တဲ့ ကျောင်းချင်ရဲ့သ​ဘောထားကို ​တွေးလိုက်မိပြီး စုလင်း နှုတ်ခမ်း​ထောင့်စွန်းလေးများ ​ကော့တက်သွားရသည်။

ကုလီဟန်က​တော့ ​ကျောင်းချင် ဘယ်လို​တွေး​နေလဲဆိုတာကို မသိခဲ့သည့်အပြင် အကျိုးသင့်အ​ကြောင်းသင့်​တောင် ​ပြောပြလာသည်။

"ကိုယ်က မင်းကိုထပ် အ​နှောက်အယှက်မ​ပေးဖို့ သူ့ကို ​ပြောခဲ့တယ်​လေ။ ဒီတခါက သူ့အမှားမဟုတ်ရင်​တောင် သူနဲ့​ အများကြီးဆိုင်တယ်​လေ"

ပြီး​တော့ ကုလီဟန် စုလင်းကို ကြည့်လာပြီး

"တကယ်တမ်း ဘာ​တွေဖြစ်ခဲ့တာလဲ?"

စုလင်း သူ့အနားတစ်ဝိုက် ပြသာနာ​တွေနဲ့ချည်း ပြည့်​နေတယ်လို့ ကုလီဟန်ကို မထင်​စေချင်တာ​ကြောင့် ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း ​ပြောပြလိုက်သည်။ စုလင်း ရယ်ရယ်​မော​​မောနဲ့ စကားတစ်ခွန်းနဲ့ အဆုံးသတ်လိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now