//Unicode//
အခန်း 51 - သုတေသနရလဒ်
ရှန်းမိုယွီ ထွက်သွားသည်ကို မြင်လိုက်တဲ့အချိန်မှာ ရဲ့လဲ့ဟာ ဂျုတီချိန်းဖို့ တစ်စုံတစ်ယောက်ကို လှမ်းခေါ်တော့မယ့် အချိန်ဖြစ်သည်။ ရဲ့လဲ့ အရမ်းရှော့ခ်ရသွားပြီး ညမီးများ အမြန်ဖွင့်ကာ စုလင်းကို ဆက်သွယ်ပြီး
"ရှန်းမိုယွီက အပြင်ထွက်ချင်နေပုံရတယ်!!!"
စုလင်း ထပြီး အောက်ထပ်ကို ကြည့်ဖို့ ပြတင်းပေါက်နားကို လျှောက်သွားလိုက်သည်။ စုလင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် Room No.1ရဲ့ တံခါးဝမှာ အနီရောင်ပန်းပွင့်တွေကို တွေ့လိုက်ရသည်။
"ကျွန်တော် အခု ချက်ချင်းဆင်းခဲ့လိုက်မယ်"
သူ ဖုန်းချလိုက်ပြီး အခြေအနေအကျိုးအကြောင်း ကုလီဟန်ကို ပြောပြပြီးနောက် နှစ်ယောက်သား အောက်ထပ်သို့ အမြန်ဆင်းသွားခဲ့သည်။
ထိုအချိန်တွင် အသင်းအ၀င်ဝတွင် စစ်ကားတစ်စီး ရပ်တန့်သွားသည်။ ဒေါက်တာနီအန်းနှင့် စစ်ယူနီဖောင်းဝတ် စစ်သားလေးဦး ကားပေါ်မှ ဆင်းကာ အသင်းနယ်မြေထဲသို့ အမြန်လျှောက်လာခဲ့သည်။ သူတို့က ရုံးခန်းအဆောက်အဦးရှေ့တွင် မရပ်ဘဲ အိပ်ဆောင်ရှိရာသို့ ဆက်သွားကြသည်။ ပင်မအဆောက်အဦးကို ဖြတ်ကျော်သွားပြီးနောက် အနက်ရောင် အပ်ချည်မျှင်ကဲ့သို့ အရာတစ်ခု ရုတ်တရက် ဘွားခနဲပေါက်လာပြီး သူတို့ရှေ့တွင် ရပ်နေလေသည်။ ဦးဆောင်လာသည့် စစ်အရာရှိက ရပ်လိုက်ကာ သူ့လက်နက်ကို အလျင်အမြန် ယူပြီး နီအန်းရှေ့မှာ ရပ်လိုက်သည်။
အနီးနားရှိ မီးရောင်များ၏ အကူအညီအောက်တွင် နီအန်း သူတို့ရှေ့တွင် ပိတ်ဆို့နေသည့်အရာကို မြင်နေရသည်။
"မတိုက်နဲ့၊ အဲ့ဒါ ရှန်းမိုယွီ"
စစ်သားလေးယောက်က သူတို့ရှေ့က ပိတ်ဆို့ထားတဲ့ ရှည်သွယ်ပါးလျသည့်အရာလေးကို ကြည့်ပြီး အံ့ဩသွားကြသည်။
အမြစ်က နီအန်းထံ ပြေးသွားပြီး သူ့ရှေ့တွင် အနည်းငယ် လှုပ်ယမ်းပြသည်။ ထို့နောက် မြေပြင်ပေါ် ပြန်ခွေဆင်းသွားပြီး ပင်မအဆောက်အဦးဆီသို့ ဆက်လက် ဦးတည်သွားခဲ့သည်။
YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...