//Unicode//
အခန်း 52 - ပြန်လည်ဆုံဆည်းခြင်း
စုလင်း ခဏလောက်စဉ်းစားပြီး နီအန်းကို မေးလိုက်သည်။
“ဘယ်ဈေးဆို သင့်တော်လောက်မယ်လို့ထင်လဲ”
နီအန်းက ချင့်ချိန် တွေးဆလျက် ပြောလာသည်။
"ရှန်းမိုယွီရဲ့ ကုန်ကြမ်းက စစ်တပ်အတွက် အရမ်းအရေးပါတယ်။ အာကာသထဲက အမှောင်ထုတွေကြောင့် ပျက်စီးထိခိုက်သွားတဲ့ အရာတွေကို ကုသပေးနိုင်တယ်။ ဆိုလိုတာက စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်။"
"ကျွန်တော်တို့ဂြိုဟ်က ထူးချွန်တဲ့ စစ်သားတိုင်းအတွက် အချိန်၊ စွမ်းအင်နှင့် ငွေကြေးများစွာကို သုံးစွဲခဲ့တယ်။ ထူးချွန်ထက်မြက်တဲ့ ဗိုလ်ချုပ်တွေအများအပြားက အမှောင်ထုကြောင့် နာမကျန်းမှုကို ခံစားနေရပြီး သူတို့ရဲ့ ပြန်လည်ကောင်းမွန်လာမှုက စစ်တပ်အတွက် အရမ်းအရေးကြီးတယ်။"
“ကုန်ကြမ်းဘယ်လောက်ပဲဈေးကြီးနေပါစေ ထိရောက်မှုသာရှိမယ်ဆို ကျိုးကြောင်းဆီလျော်မှုရှိနေဆဲပဲ။ဒါပေမယ့် စစ်တပ်က ကုန်ကြမ်းတွေအကုန်ဝယ်ပြီး အချိန်အကြာကြီးစုထားဖို့ ရည်ရွယ်ထားရင်တော့ ကုန်ကြမ်းစျေး အရမ်းကြီးနေရင် သူတို့အတွက် ကုန်ကျစရိတ်က ကြီးနေလိမ့်မယ်။"
အစောပိုင်းက အဆိုပါအဖွဲ့ကို ဦးဆောင်သူတဦးက ဆိုလာသည်။
"မင်းတို့ စျေးမတက်သရွေ့ စစ်တပ်က လက်ခံနိုင်တယ်။ စစ်တပ်က လူတစ်ဦးချင်း ဒါမှမဟုတ် ပုဂ္ဂလိက ကုမ္ပဏီတွေဆီကနေ ပစ္စည်းတွေဝယ်တဲ့အခါတိုင်း စျေးကွက်ပေါက်ဈေးအတိုင်း ပေးချေတာမို့ မင်းကို အခွင့်ကောင်းမယူပါဘူး။"
စုလင်း ခဏလောက် တွေးဆကြည့်ပြီးနောက်
"ဒါဆို ကျွန်တော်တို့ စျေးနှုန်းကို အဆင့်မြင့် အမှောင်ထု inhibitorနဲ့ အတူတူထားလိုက်မယ်"
(အာကာသထဲက အမှောင်ထုကို ကာကွယ်တားဆီးပေးနိုင်တဲ့ကိရိယာ)စုလင်း ၏ စကားကြောင့် စစ်သားလေးယောက်လုံး အံ့ဩသွားကြသည်။ အစပိုင်းက ကုန်ကြမ်းသည် အရေးကြီးကြောင်း သိပြီးနောက် သူတို့က စုလင်း အမြတ်ပိုရရန် စျေးနှုန်းမြှင့်မည်ကို စိုးရိမ်ခဲ့ကြသည်။ ဒါပေမယ့် ဒီလောက် သက်သာတဲ့ စျေးနှုန်းကို သတ်မှတ်ဖို့ မမျှော်လင့်ထားခဲ့ပါချေ။
YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...