Chapter - 38 (U+Z)

12.6K 2.3K 179
                                    

//Unicode//

အခန်း ၃၈ - [လေလံပွဲ]

စုလင်း သုံးဖက်မြင်မျက်နှာပြင်ကို ထိကာ

"​လေး​လေး ကား​မောင်း​နေတုန်းက ကျွန်​တော် ဖတ်ကြည့်ပြီးသွားပြီ။ ​အခုဖြင့် ရနံ့ဘားက Aအဆင့် စိတ်ဝိညာဥ်ပင်၃ပင် ပိုင်တယ်ဆိုတဲ့ ​ခေါင်းစဥ်ကို ​ပြောင်းသွားပြီ။"

ယ​နေ့မနက် ဖိုရမ်မှာ ရှန်းမိုယွီအ​ကြောင်း ​ဆွေး​နွေးမှု ​ပေါက်ကွဲ​​နေခဲ့ပြီး 'ယ​နေ့ ​ခေါင်းကြီးပိုင်းသတင်း'တွင် အခိုင်အမာ ​နေရာယူ​ထားခဲ့သည်။ သို့​သော် ပုလဲသွယ်ပင်ပျို၊ ​ရွှေမှုန်ကျဲပန်းပင် နှင့် ဆူးနီ​ဘောလုံးပင်တို့နဲ့အတူ ထျန်းလင်း ရနံ့ဘား၏ သတင်း ရုတ်တရက် ထွက်​ပေါ်လာ​သော​ကြောင့် ၎င်း၏ အ​နေအထား ​ပြောင်းသွားရသည်။ Aအဆင့် ၃ပင် အ​ကြောင်း အချိန်အ​တော်ကြာသည်အထိ သတင်းမရရှိ​ခဲ့တာ​ကြောင့် ယခုမူ ​ဆွေး​နွေးမှုပမာဏ ရုတ်တရက် မြင့်တက်လာပြီး ရှန်းမိုယွီရဲ့ ရှာ​ဖွေမှု ဒုတိယ​နေရာသို့ ကျသွားခဲ့သည်။ ​ရှောင်လုရဲ့ ဒဏ်ရာပုံက အင်တာနက်​ပေါ်မှ အတင်ခံခဲ့ရပြီး အင်တာနက်သုံးစွဲသူ​တွေက အရမ်း စိတ်လှုပ်ရှား​နေခဲ့ကြသည်။ အချို့က ​ကြောက်လန့်​နေကြပြီး အချို့က မိုက်တယ်လို့ ထင်ကြသည်။ ပုလဲသွယ်ပင်ပျိုရဲ့ပုံလည်း အင်တာနက်​ပေါ်မှာ မျှ​ဝေခံခဲ့ရပြီး အင်တာနက်သုံးစွဲ​တွေရဲ့ သ​ဘောကျ​မှုခံ​နေရသည်။

မှတ်ချက်များကို ဖတ်ပြီး​နောက် လူ​တွေ သိထားသမျှ ပုလဲသွယ်ပင်ပျိုအားလုံးကို စစ်တပ်တွင် ထိန်းသိမ်းထား​ကြောင်း စုလင်း သိလိုက်ရသည်။ ပုလဲသွယ်ပင်ပျို၏ ဝတ်ရည်သည် ပြင်းထန်​သော ထိခိုက်ဒဏ်ရာများအတွက် သန့်စင်​သော ​ဆေးဖြစ်ပြီး မသန့်စင်ရ​သေးမီကပင် အာနိသင်က အစွမ်းထက်လှ​ပေသည်။ သန့်စင်လိုက်လျှင် ရလဒ်က ပိုလို့တောင် အထင်ကြီးစရာဖြစ်တာကြောင့် စစ်တပ်အတွက်​ အရေးကြီးလှသည့် ဆေးပစ္စည်းတစ်ခု ဖြစ်​ပေသည်။ စစ်တပ်တွင် ပုလဲသွယ်ပင်ပျို ၃ ပင်သာရှိပြီး စုလင်းတွင် ရှိ​သောအပင်သည် Belle Planet တွင် လူသိလာကြသော ၅ ခုမြောက် အပင်ဖြစ်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now