//UNICODE//
Chapter 43.2- သွေးအန်ခြင်း
လူငယ်သည် အဖြူရောင်ရှပ်အင်္ကျီနှင့် အပြာရောင် ဝေ့စ်ကုတ် အတိုလေး ၀တ်ထားခဲ့သည်။ သူ့အဝတ်အစားက သူ့ကို အရပ် ပိုရှည်သွားသယောင် ဖြစ်စေပြီး ခါးနဲ့ ခြေထောက်တွေကိုလည်း သွယ်လျသွားစေသည်။ အပြာရောင် ကတ္တီပါ ဖဲစည်းလေးကို လည်ပင်းမှာ ချည်နှောင်ထားတာက သူ့ကို သွက်လက်တက်ကြွသည့် ခံစားချက်ကို တိုးစေသည်။ အရောင်တူ စိန်လက်ကြယ်သီးလေးတွေက သူ့လက် လှုပ်ရှားလိုက်တိုင်း တဖျတ်ဖျတ်လက်နေခဲ့သည်။ အနက်ရောင်ဆံနွယ်များကို သပ်သပ်ရပ်ရပ် ဖြီးသင်ထားပြီး သူ့ရဲ့ နူးညံ့သောအသွင်အပြင်ဟာ အတားအဆီးမရှိတောက်ပနေသည်။ ခြုံပြောရလျှင် ယနေ့ညအတွက် သူ့ရဲ့စတိုင်ဟာ လွန်ကျူးစွာ ဂုဏ်ဖော်ထားခြင်းမရှိသော်လည်း အထက်တန်းကျ နေသည်။ ကောင်ငယ်လေးရဲ့ ညိုဖျော့ဖျော့မျက်ဝန်းများဟာ ညမီးရောင်အောက်တွင် ပိုတောက်ပနေပုံရပြီး တမူထူးခြားနေသည်မှာ Alpha တို့ရဲ့ အနိုင်ယူ၊ အပိုင်သိမ်းလိုသော စိတ်ဆန္ဒတို့ကို နှိုးဆွပေးနေသလိုပင်။
ကုလီဟန်တစ်ယောက် သူ့အနားက တတွတ်တွတ် စကားပြောနေကြသည်ကို နားထောင်ရင်း အနည်းငယ် မျက်မှောင်ကြုတ်မိကာ သူ့အမူအရာကလည်း ပိုလေးနက်လာသည်။
ကောင်ငယ်လေးက ရှောင်းရွိ နဲ့ လိုက်လာတာလား?
သို့သော်လည်း ရှောင်းရွိနဲ့လင်းမန်က ထိုအခိုက်အတန့်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစွာ ပြုမှုဆက်ဆံနေကြပြီး ထိုကောင်ငယ်လေးက အနည်းငယ် ကို့ရို့ကားယား အဆင်မပြေသည့်အခြေအနေတွင် ရှိနေခဲ့သည်။ ကုလီဟန်ရဲ့ အမူအရာ ပိုမည်းမှောင်လာခဲ့သည်။ သူ(SL) က ရှောင်းရွိနဲ့ ဘာမှမဆိုင်ဘဲ လင်းမန်နဲ့ ရှောင်းရွိက ချစ်သူတွေဆိုတာကို သူက သိနေသော်လည်း သူ(GLH) လူငယ်လေးအတွက် စိတ်မကောင်းဖြစ်နေခဲ့ရုံမှလွဲ၍ ဘာမှ ကူညီမပေးနိုင်သေးပေ။ ဒီတစ်ခေါက်တွင်တော့ တကယ့် အကြောင်းအရာကို သူသိနေပေမယ့် နောက်တစ်ခေါက်ရော?။
အနာဂတ်မှာ ကောင်ငယ်လေးနဲ့ တွေ့ဆုံလာမယ့်လူတွေက ကောင်ငယ်လေးကို မုချ မလှည့်စား ဒါမှမဟုတ် သစ္စာမဖောက်ဘူးဆို သူ(GLH) သေချာပါရဲ့လား?
YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...