//UNICODE//
အခန်း ၃၆ - [ခိုင်လုံတဲ့ အကြောင်းပြချက်]
စုလင်း ရှန်းမိုယွီရဲ့ နောက်ခံကို အရင်ကတည်းက သိခဲ့ပြီးဖြစ်တာကြောင့် သူ့အမူအရာက တည်ငြိမ်နေခဲ့သည်။ ဒါရိုက်တာလီနှင့် ဝန်ထမ်းနှစ်ဦးဟာ အလွန် စိတ်လှုပ်ရှားနေခဲ့ပြီး 'ဝိုး' နှင့် 'ဘုရားသခင်' စသဖြင့် ဆက်၍ အော်နေကြသည်။ သူတို့က ရှန်းမိုယ်ွီကို ဝိုင်းကြီးပတ်ပတ် လှည့်ပတ်ကာ ရှားပါး အဖိုးထိုက်သော ရတနာကို ကြည့်ရှုနေသည့်အလား အချိန်အတန်ကြာသည်အထိ စွဲလန်းနေသော မျက်လုံးများဖြင့် ငေးမောကြည့်နေကြသည်။
သူတို့ရဲ့ချီးကျူး၊ချီးမြှောက်သည့်စကားလုံးများကို ရှန်းမိုယွီကြားသော် ပထမဆုံးက သူ့ကိုယ်သူ အလွန် ဂုဏ်ယူနေခြင်းဖြစ်သည်။ ပွင့်ဖတ်များကို လှုပ်ရှားကာ အမြစ်များကို ပျော့ပျောင်းစွာ ယိမ်းနေလေသည်။ သို့သော်လည်း အချိန်အနည်းငယ်ကြာပြီးနောက် သူက အမြစ်တွေကို ဝှေ့ယမ်းရန်၊ ပွင့်ချပ်တွေကို လှုပ်ယမ်းရန် အတော် ပျင်းရိလာတော့သည်။ ထို့နောက် စုလင်းရဲ့ စိတ်ထဲတွင် မြက်ပင်တွေ စဆွဲတော့သည်။[TN-ဘာကောင်လေးလဲအေ]
စုလင်း ညင်သာစွာ ရယ်မောလိုက်ရင်း အမြစ်တွေကို နှစ်သိမ့်ရန် ဖွဖွ ညှစ်သည်။ ဒါရိုက်တာလီနဲ့ ဝန်ထမ်းများ စိတ်ငြိမ်သွားသည့်အချိန်တွင် စုလင်းက မေးလိုက်သည်။
"ကျွန်တော်တို့ မှတ်ပုံတင်တာ ဆက်လုပ်လို့ရပြီလား?"
ဒါရိုက်တာလီက တောက်ပစွာ ပြုံးလိုက်ပြီး
"ရတာပေါ့ ငါအခုပဲ စီစဥ်ပေးပါ့မယ်"
ဒါရိုက်တာလီက စုလင်း၏လက်ဗွေနှင့် စုလင်း လက်ကောက်ထဲမှ ကိုယ်ရေးအချက်အလက်တွေကို စိတ်ဝိညာဥ်ပင်များ မှတ်ပုံတင်ခြင်းစနစ်တွင် ထည့်သွင်းလိုက်သည်။ စုလင်းနာမည်အောက်တွင် Aအဆင့် စိတ်ဝိညာဥ်ပင်၃ပင်ကို မြင်လိုက်ရသော် သူမ အနည်းငယ် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"မင်း တကယ်ပဲ Aအဆင့် စိတ်ဝိညာဥ်ပင် ၃ပင်တောင် ပိုင်သေးတယ်?"
YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...