အခန်း ၁။

21.7K 1K 45
                                    

[Unicode ]

" ကောင်းကောင်း အဲ့တာဘယ်လဲ "

" ဘယ်သွားသွား ခင်ဗျားအပူတစ်ပြားသားမှမပါဘူး "

ဒီကောင်လေးအကြောကခပ်တင်းတင်း၊ ညကြီးအချိန်မတော်ကိုနက်ပြောင်နေတဲ့အဝတ်အစားတွေနဲ့အပြင်ထွက်ဖို့ကြံနေသေးရဲ့။ သူပြောရင်ပြောတယ်ဆိုရုံသာပဲမိုးမထိကောင်းကသူ့ကိုတစ်ချက်လေးမှဂရုစိုက်တာမဟုတ်။ မိုးမထိကောင်းကို သူကလည်းမနိုင်လို့လွှတ်ထားတာမဟုတ်ပါဘူး။ ခဏအလွှတ်ပေးပြီး အလိုလိုက်ထားရုံပဲ။ ဒါကိုဒီကောင်လေးကသိသိသာသာဆိုးလာတာ။

" ညမိုးချုပ်နေပြီ ကောင်းကောင်း၊ တော်ရုံပဲကောင်းတယ်၊ ယောက်ျားလေးဆိုတိုင်းအချိန်ပြည့် လမ်းသလားမနေနဲ့ "

တစ်ခွန်းဆိုရင်တစ်ခွန်းဆိုတယ်မျှသာ။ လမ်းသလားတယ်ဆိုတဲ့စကားနဲ့အရှိုက်ထိသွားတဲ့ကောင်းကောင်းကဆတ်ခနဲနေအောင်လှည့်လာသည်။ သိင်္ခမိုးသဲကဆိုဖာပေါ်မှာပေါင်နှစ်ဖက်ကားထိုင်နေပြီး စားပွဲပေါ်က laptop ကိုအကြည့်လွှဲကာ သူ့ကိုပြောနေတာ။

" ခင်ဗျား ကျွန်တော့်ဘဝကိုဝင်စွက်ဖက်ဖို့မစဥ်းစားနဲ့ ကိုသိင်္ခမိုးသဲ "

" စကားပြောဆင်ခြင် ကောင်းကောင်း
ကိုယ်ကမင်းယောက်ျား ကိုယ့်မှာမင်းအပေါ်သက်ရောက်ပိုင်ခွင့်အပြည့်ရှိတယ် ဒါကိုမင်းသိတယ် "

ခင်ဗျားဟာခင်ဗျားဘာကြီးနေနေ ကျွန်တော်ကစောက်ဂရုကိုမစိုက်တာ ကိုသိင်္ခ ။ နှာတစ်ချက်ရှုံ့သူချာခနဲလှည့်ထွက်လာလိုက်တော့ သိင်္ခမိုးသဲကသူ့ကိုဘာမှလှမ်းမပြောတော့။

တစ်စီးတည်းသောပြိုင်ကားအပြာလေးပေါ်တက်ထိုင်ပြီးသူမောင်းထွက်လာခဲ့သည်။ အလကား၊ ယောက်ျားချင်းအတူတူတောင်လာချုပ်ချယ်ချင်နေသေးတယ်။ သူကကောဘာကောင်ကြီးမို့လို့တဲ့လဲ။

သူကသိင်္ခမိုးသဲဆို၊ ကိုယ်ကလည်းမိုးမထိကောင်းပါ။ မိုးပေါ်ကဆင်းမယ့်ကောင်မျိုးမဟုတ်တာသူလည်းသိတာပဲ။ မသိရင်သိအောင်ပြရမှာသူ့တာဝန်။

ကားပါကင်မှာထိုးရပ်ပြီးသူဆင်းလာချင်းပဲအိတ်ကပ်ထဲကဖုန်းကမြည်သည်။ ဒီကောင်တွေသူ့ကိုထွက်လာပါပြီဆိုတာတောင်ဖုန်းခေါ်ပြန်ပြီ။

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Where stories live. Discover now