အခန်း ၁၄။

5K 608 32
                                    

[Unicode]

" တကယ် မပြန်ဘူးလား "

" ဟေ့အေး မပြန်ဘူး၊ ဒယ်ဒီ့ဆီငါအဆူခံရအောင် အဲ့လူသပ်သပ်လွှတ်တာ၊ သူ့ဉာဏ်များတာ ငါမသိဘူးမှတ်လို့ "

ပိုင်ဆိုင်တဲ့ တိုက်ခန်းတွေ၊အိမ်တွေအများကြီးရှိရက်နဲ့ မိုးမထိကောင်းတို့ ဘယ်ဦးဏှောက်နဲ့များ ဒီအိမ်မှာတက်နေသလဲမသိ။ သွပ်မိုးပြီးမှ မျက်နှာကျက်မှာအထပ်သားအုတ်တွေကပ်ထားတာမို့ရာသီဥတုက သိပ်တော့မပူပါ။ အုတ်ခင်းထားပြီးမှ ဘေးကသစ်ပြားတွေနဲ့ကာတဲ့အိမ်မျိုးဖြစ်သည်။ Condo တစ်ခန်းရွေးပြီးချက်ချင်းဆင်းနေလည်း ဖြစ်တာပဲကို၊ မိုးမထိကောင်းတို့ ဘာစိတ်ကူးပေါက်သတဲ့လဲ။

တစ်ခါတလေမိုးမထိကောင်းကိုလည်း သူငယ်ချင်းအရင်းကြီးတွေဖြစ်သည့်တိုင် နားမလည်သေးတဲ့နေရာတွေရှိသေးတာပဲ။

" ပြန်ပါ ကောင်းရယ် မူးနေလို့ပြန်ပါ "

" အို မပြန်ဘူး မူးနေလို့မပြန်ဘူး "

" ဟား ဟားဟား ဟား "

အောင်ဟိန်းထက်ကမိန်းကလေးလိုမျိုးနွဲ့နွဲ့နှောင်းနှောင်းလေးလုပ်ပြတော့ ခန့်မိုးဝေကခွက်ထိုးခွက်လန်ကိုရယ်သည်။

" မူးနေလို့ပြန်ပါဆိုကွာ "

" မူးနေလို့ကို မပြန်တာပဲ ကိုကိုခန့်ရဲ့ "

" ရွံစရာကောင်းတာကွာ
နှစ်ကောင်လုံးငါ့အိမ်ကပြန် ခုချက်ချင်းထွက်သွားစမ်း "

" အလကားစတာ အလကားစတာ
ဟဲဟဲ "

အောင်ဟိန်းထက်ရဲ့မျက်နှာပိုးက ဘယ်တော့မှသေမှာမဟုတ်။ အပိုးလည်းသတ်မရပါဘူး။ ဇက်ပိုးချည်းဖြတ်အုပ်ရင်လည်း ပထွေးမို့အနိုင်ကျင့်တယ်ရှိမယ်။ ဒီကောင်တွေနှစ်ကောင်လုံးအတူတူပဲ။

" တကယ် ဒီမှာနေနိုင်တာလား "

" ငါ့ဒယ်ဒီလည်း ဒီလိုဘဝကလာတာပဲ
ငါလည်းဒီလိုဘဝမှာခဏလေးတောင်မနေနိုင်ရင် ဘာအသုံးကျတော့မှာလဲ "

" အံမယ် လေကြီးလေကျယ်နဲ့ "

" -ီး!
အောင်ဟိန်းထက် မင့်စောက်ပါးစပ်ကြီးပိတ်ထားစမ်းပါ "

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Où les histoires vivent. Découvrez maintenant