အခန်း ၂၉။ ဇာတ်သိမ်းပိုင်း

9.4K 582 38
                                    

[Unicode]

" အစ်ကိုလေး ပြန်ရအောင်ပါ "

ကိုမျိုးနောင်က လက်ထဲကသမီးကိုပိုက်ပြီး bar ထဲဝင်ဖို့တာဆူနေတဲ့ မိုးမထိကောင်းကိုတားသည်။ မိုးမထိကောင်းက ဂရုစိုက်တာမဟုတ်။ ကိုမျိုးနောင်ကိုကျော်သွားပြီးတော့ အထဲကိုဝင်၏။ သေသပ်တဲ့ဆံနွယ်တွေနဲ့ မေးရိုးလှလှရှိတဲ့အမျိုးသားတစ်ဦးဖြစ်တဲ့အပြင်မှ လက်ချောင်းသွယ်တွေက ကလေးရဲ့ကျောပေါ်မှာ ဖြေးညင်းစွာ​ပွတ်သပ်​ပေးနေတာဖြစ်သည်။

" အစ်ကိုလေး မသင့်တော်ပါဘူး မဝင်ပါနဲ့ဆို ကလေးကို ကျွန်တော်နဲ့ထားခဲ့ချင်ထားခဲ့ပါ "

မိုးမထိကောင်းကနားမဝင်ပဲ ကလေးကိုခေါ်ပြီး ခပ်ဝေးဝေးကစားပွဲသန့်တစ်လုံးမှာ ဝင်ထိုင်သည်။ သမီးကို အရှေ့ဘက်မျက်နှာမူကာ ပွေ့လိုက်ပြီးမှ ကြက်တောင်စီးယမ်းလေးနဲ့သမီးက ရှိသမျှလူကို မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ လိုက်ကြည့်သည်။

သမီးအကြောင်းပြပြီး ရောက်လာတဲ့အမျိုးသမီးတွေကလည်း မနည်း။ မိန်းကလေးတစ်ယောက်လက်ထဲပါသွားတဲ့သမီးက မရှိတဲ့သွားဖုံးလေးတွေကိုဖြီးပြီးတော့ တဟစ်ဟစ်နဲ့ရယ်နေတာဖြစ်သည်။ နောက်တော့မမှီမကမ်းနဲ့ ထိုမိန်းကလေးရဲ့ ရင်ဘတ်တွေကိုလည်း ရိုက်သေး၏။

" မိုးမထိကောင်း မင်းလာရဲသေးတယ်ပေါ့ "

အနားရောက်လာတဲ့ ခန့်မိုးဝေနဲ့အောင်ဟိန်းထက်ကို ဆွေကြည့်လိုက်ရင်း ကိုမျိုးနောင်လက်ထဲကနို့ဘူးကို သမီးကိုသွားပေးစေသည်။ သူခိုးထွက်လာတာ ဒယ်ဒီကော ကိုသိင်္ခကောသိတာမဟုတ်။ သူ့အနေနဲ့လည်း အမြဲတမ်းကြီးအိမ်တွင်းမပုန်းနိုင်ပါ။

" သောက်မှာလား "

" ဟင့်အင်း သမီးပါတယ် အနံ့စွဲသွားရင်မကောင်းဘူး "

" မသောက်ဘဲနဲ့ ဘာလာလုပ်တာလဲ၊ မင်းကိုယ်မင်း single father ထင်နေလား "

" တိတ်တိတ်နေစမ်းပါ

သူကစကားလည်းပြောရင်း သမီးကိုလည်းကြည့်ရသေးသည်။ တစ်ဖက်ခြမ်းထိုင်နေတဲ့သမီးက သူ့ကိုတောင်လှည့်မကြည့်ပဲ တဟစ်ဟစ်ရယ်နေတာပင်ဖြစ်၏။ သြော်အလှလေးတွေနဲ့တွေ့တော့ သူ့သမီးလည်း ဖအေကိုမေ့တော့တာပေါ့။

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Donde viven las historias. Descúbrelo ahora