[Unicode]
(AN/ ဒါကိုစမဖတ်ခင်မှာ youtube ကနေ မောင်ကြီးခေါ်ရာ သီချင်းဖွင့်ပြီး split screen နဲ့ဖတ်စေချင်ပါတယ်)
မနက်အစောပိုင်း သိင်္ခနဲ့ကောင်းကောင်းက တစ်ရပ်ကွက်ကျော်ကလက်ဖက်ရည်ဆိုင်မှာ ရောက်နေတာဖြစ်သည်။ ကားသုံးစီးကိုလမ်းတစ်ဖက်ခြမ်းမှာရပ်ပြီး သူနဲ့ကောင်းကောင်းကတစ်ဝိုင်း ကျန်တဲ့ကားနှစ်စီးမှာပါမယ့် လေးယောက်ကတစ်ဝိုင်းဖြစ်သည်။
ကြည်လင်နေတဲ့စိတ်ကဘာနဲ့မှမတူ။ ကောင်းကောင်းက စားလက်စလက်ဖက်ရည်နဲ့မုန့်ကိုသာခေါင်းငုံ့စားလျှင် သိင်္ခက ကောင်းကောင်းကိုဂရုတစိုက်ရှိနေတာဖြစ်သည်။ မနက်အစောကြီးမို့လို့ အအေးဓာတ်အနည်းငယ်လွှမ်းပြီး နေရထိုင်ရတာ သက်တောင့်သက်သာဖြစ်လေသည်။
နောက်ပြီး ကားနှစ်စီးမှာပါမယ့်လူတွေက သိင်္ခနောက်ကိုလိုက်သလို ဝတ်စုံပြည့်နဲ့မဟုတ်၊ အိမ်နေရင်းတီရှပ်တွေနဲ့ ပုဆိုးနဲ့ဖြစ်သည်။
စားသောက်ပြီးစီးမှ သူတို့ကားလေးတွေက ရန်ကုန်မြို့ကို စွန့်ခွာလာတာဖြစ်သည်။ အနွေးဝတ်အညိုရောင်နဲ့ကောင်းကောင်းက ခရီးထွက်တာတောင်အိမ်နေရင်းဝတ်နဲ့ဖြစ်သည်။ ရန်ကုန်မြို့ပြင်ကိုရောက်တဲ့အချိန်က မနက်၁၀ နာရီစွန်းစွန်း။
Driver seat မှာ သိင်္ခမောင်းတာဖြစ်ပြီး lover seat မှာကောင်းကောင်းထိုင်နေတာဖြစ်သည်။ ဖုန်းတစ်လုံးမြှောက်ပြီး ကောင်းကောင်းကဘေးရှူ့ခင်းတွေကို ဓာတ်ပုံရိုက်ချေသေး၏။ ဒါပြီးရင် အဲ့ဒီ့ပုံတွေကို facebook instagram တို့မှာသူပြန်တင်မှာ။
သိင်္ခကကားFM ကိုဖွင့်လျှင် ရေဒီယိုလှိုင်းကနေသီချင်းကြီးတွေလာနေတာဖြစ်သည်။ သီချင်းကြီးကြိုက်တဲ့သူက ဖုန်းမြှောက်ရိုက်ရင်းကနေ သိင်္ခဘက်ကိုလှည့်လာပြီး
" မပြောင်းနဲ့ "
" အင်း သဘော "
စတီယာရင်တိုင်ကိုအကျအနကိုင်လို့ ကားကိုဂရုတစိုက်မောင်းနေတဲ့သူက ပုဆိုးနဲ့ခပ်နွမ်းနွမ်းတီရှပ်နဲ့။ ဘေးကတီရှပ်နဲ့ဘောင်းဘီတိုရယ် အနွေးဝတ်ကိုဝတ်ထားတဲ့သူကိုလည်း ခဏခဏလှည့်ကြည့်ဖြစ်သေး၏။
ESTÁS LEYENDO
နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅
RomanceDirected by Kaung ပါ title ပြင်ထားတာပါ The content of this story is purely the author's imagination. Marriaged life || romance || starting date - oct 25 2021 ending date - dec 8 2021 Author - Ciel_Zizawar Coverphoto from pinterest.