[Unicode]
ကိုယ်ဝန်သည်အမျိုးသမီးကို ဦးမိုးကောင်းကပဲ တစ်လတစ်ခါလောက်ကို သွားကြည့်ရသည်။ မိုးမထိကောင်းက ဂုတ်ကဆွဲခေါ်တောင်မလိုက်တာမို့ူးထွေပြီးလည်း ပြောမနေတော့ သူ့စိတ်က တခြားအမျိုးသမီးဗိုက်ထဲရှိနေမယ့် ကိုယ့်ကလေးကိုကြည့်ရမယ့်အတွက် တွန့်ဆုတ်နေခြင်းဖြစ်နိုင်သည်။ နောက်ပြီးရင်မဆိုင်ရဲသေးဘူး။ ကိုယ့်ကိုယ်ကိုယ် ကလေးဖအေဖြစ်ထိုက်ရဲ့လားတောင် မသိတော့ပါချေ။
ဟိုကပြန်လာတဲ့ဒယ်ဒီ့အနားကပ်ပြီး ဗိုက်ထဲက ကလေးကဘယ်နှရှိပြီလဲ ကျန်းမာရဲ့လား ရုပ်ကောပေါ်ပြီလားဆိုပြီး ကပ်မေးလွန်းလို့ ဦးမိုးကောင်းက နားတွေလည်းပူရသည်။ ၄လရှိပြီမို့လို့ လူကောင်လိုက်လေးတော့ရှိချေပြီဖြစ်သည်။ ဒါလည်းမိုးမထိကောင်းက သတိရတိုင်း လာမေးတတ်သည်။ လိုက်ကြည့်ပါဆိုတော့မဟုတ်ရ။ ဖြေရတာလည်းမောလို့ သိပ်မကြည့်ရချင်တော့။
" သားလေးလားသမီးလေးလားသိပြီလားဒယ်ဒီ "
" ရှေ့ရက်အတွင်းစစ်ပြီး စစ်ဆေးချက်ပို့မယ်ပြောတာပဲ "
" သြော်! ဘာလေးဖြစ်မလဲမသိဘူးနော် ဒယ်ဒီ "
" အေး မသိဘူး "
နောက်တော့မိုးမထိကောင်းက တွေးစစနဲ့ ထိုင်ရာကနေ ထွက်သွားချေတော့သည်။ ၆လလောက်ရှိတော့ သူတို့နှစ်ယောက်ပါ ဦးမိုးကောင်းနဲ့ လိုက်ရသည်။ ကလေးရဲ့ စစ်ဆေးချက်အဖြေတွေ ရနေပေမယ့် မိုးမထိကောင်းက သားလားသမီးလားကိုမွေးပြီးမှ သိချင်တယ်လို့ဆိုတော့ စစ်ဆေးချက်အဖြေတွေကို သိမ်းပစ်လိုက်ရပြန်သည်။ သိင်္ခက တစ်ခွန်းမှပြောတာမဟုတ် ဘာလေးနေနေ သူကချစ်မှာပဲဖြစ်သည်။
သားသမီးပေါ်က သတ်မှတ်ချက်ဆိုပြီး သိင်္ခမိုးသဲမှာရှိမနေ။ ကိုယ်ခေါ်လို့ ဘဝထဲဝင်ရောက်လာရတဲ့ ကလေးတစ်ယောက်ကို ကျေးဇူးတရားတွေနဲ့မချုပ်နှောင်ချင်။ ဒီကလေးက သူတို့ဆီလာချင်လို့တောင်းဆိုခဲ့တာမဟုတ်ဘဲ သူတို့ကလိုချင်လို့သာ ခေါ်ခဲ့တာဖြစ်သည်မဟုတ်လား။ ပျိုးထောင်နိုင်ရမယ့်တာဝန်ကို အပြည့်အဝယူရမည့်အပြင် ဒီနှစ်ဦးသားဘဝထဲ ဝင်ရောက်လာမယ့်ကလေးကို ပြစ်တင်ပြောဆိုခြင်းမရှိအောင်နဲ့ လိင်တူနှစ်ယောက်ရဲ့ အခက်အခဲကြားက မြေစာပင်လေးမဖြစ်ရအောင် သူအတတ်နိုင်ဆုံးကာကွယ်ရဦးမည်။ တကယ်တော့ ဘဝထဲကို ကိုယ်တိုင်စိတ်လိုလက်ရခေါ်ယူခဲ့တဲ့ ဒီကလေးက ဖခင်ဖြစ်မယ့်နှစ်ဦးကိုလက်ခံနိုင်ပါ့မလားဆိုတာကိုလည်း ပူပန်ရပြန်ပါသည်။
ESTÁS LEYENDO
နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅
RomanceDirected by Kaung ပါ title ပြင်ထားတာပါ The content of this story is purely the author's imagination. Marriaged life || romance || starting date - oct 25 2021 ending date - dec 8 2021 Author - Ciel_Zizawar Coverphoto from pinterest.