အခန်း ၁၃။

4.7K 581 39
                                    

[Unicode]

" ကိုကိုနဲ့ တွေ့ချင်လို့ပါ "

မြတ်သင်းနွယ်က စလင်းဘတ်အိတ်လက်ကိုင်ကို ကျစ်နေအောင်ကိုင်ထားပြီးတော့ ခြံဝကနေအော်နေတာဖြစ်သည်။ ကိုကို့မျက်နှာမြင်ချင်လွန်းလို့ အရဲစွန့်ပြီးကိုသူရောက်လာရတာ။ မတွေ့ဖြစ်တာလည်း တစ်လစွန်းစွန်းကျော်ပြီပဲ။

" ဘယ်ကကိုကိုကိုပြောတာလဲမသိဘူးဗျ "

နေ့ခင်းနေ့လည်ပိုင်းတစ်ဖြုတ် ထမင်းစားကြဖို့ လူချိန်းထားတာမို့လို့ မြတ်သင်းနွယ်ကို ဒီလူမသိတာ ဖြစ်နိုင်သည်။ နေပူရှိန်ကြောင့်ရဲတွတ်နေတဲ့ မြတ်သင်းနွယ်ရဲ့ပါးအို့လေးတွေဟာ သနားချင့်စရာ။ ဒီမိန်းမချောကို သူမချင့်မရဲဖြစ်မိသည်ထိ။

" မိုးမထိကောင်းကိုပြောတာပါရှင်၊
ဒါ ကိုမိုးမထိကောင်းတို့အိမ်ဟုတ်ရဲ့လား "

တစ်စက္ကန့်လောက်မှ တွေဝေနေဖို့စိတ်ကူးမရှိ။ အဲ့ဒီ့လူကြီးကခေါင်းကိုခပ်သွက်သွက်ငြိမ့်ပြပြီးတော့ နေပူထဲရှိနေတဲ့ မြတ်သင်းနွယ်ကို ခြံဝင်းထဲဝင်လာစေပြီး လမ်းကျောတစ်လျှောက်ခေါ်သွားတော့၏။

" ဒီမှာခဏထိုင်ဦးအမိ၊ အစ်ကိုလေးကိုခေါ်ပေးမယ်၊ လိမ္မော်ရည်လေးဖြစ်ဖြစ်လည်း ဖျော်ခိုင်းချင်သေးတယ် "

ဧည့်သည်ကိုလည်း ဧည့်သည်မှန်းသိတတ်စွာ ဧည့်ဝတ်ကျေပေးဖို့ သင်ပြခံထားရတဲ့သင်တန်းသားတွေလိုမျိုးမို့ အိမ်ကြီးဧည့်ခန်းမှာထိုင်နေတဲ့ မြတ်သင်းနွယ်ကိုဘယ်သူကမှ တကူးတကအနေခက်အောင်လိုက်မကြည့်ခဲ့ပါ။ လေးစားမှုဆိုတာဒါပဲလို့လည်း သိင်္ခမိုးသဲကသူ့အလုပ်သမားတွေသင်ပြထားပါတယ်။

သူ့ကိုထားခဲ့ပြီး ထမင်းစားခန်းဝင်သွားတဲ့လူကြီးနောက် သူမကြည့်ဖြစ်တော့။ ညိုဆွေးနေတဲ့လှေကားလက်ရန်းတွေဆီကိုသာ မေးမြန်းစိတ်နဲ့အပြည့်နဲ့ ငေးမောကြည့်မိသည်။ ကိုကိုက အိမ်ကြီးအပေါ်ထပ်မှာလား။

မဝံ့မရဲတစ်လှမ်းချင်းသွားရင်းကနေ လှေ​ကားတိုင်လုံးတွေကိုပါ ချောမွတ်စွာပွတ်သပ်မိခဲ့သည်။ ကိုကို့ပိုင်ဆိုင်မှုကလည်းမနဲမနောပါတဲ့လား။ တကယ်လို့များ ကိုယ်တို့နှစ်ဦးသားလက်ထပ်ပြီးစီးတဲ့အခါ လက်မောင်းချင်းချိတ်ပြီးများ ဒီလှေကားလက်ရန်းတွေကို ပွတ်သပ်ဆင်းလာမှာလား။

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Où les histoires vivent. Découvrez maintenant