အခန်း ၂။

7.4K 752 15
                                    

[Unicode]

" ကိုသိင်္ခမိုးသဲကို ဖုန်းပေးလိုက်စမ်းပါ "

မိုးမထိကောင်းမျက်နှာက ရဲတောက်နေပြီးတော့ မျက်ဝန်းတွေလည်း လိုတာထက်ပိုဝိုင်းစက်နေသည်။ ဒေါသကြောင့် နားထင်သွေးကြောတွေပါထင်းထနေပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားချေပြန်ရဲ့။ ဒီကောင်လေးက လူကောင်ကသာ ဘာမှမဟုတ်တာ ဒေါသကတော့မိုးမထိကောင်းဆိုတဲ့နာမည်နဲ့ လိုက်ကိုလိုက်တယ်။

" ဖုန်းပေးမနေနဲ့ ကိုယ်ရောက်ပြီ "

လူသုံးယောက်နောက်ရံပြီး ခြေလှမ်းကျယ်တွေနဲ့လှမ်းလာတဲ့သူဆီကို ဆတ်ခနဲလှည့်ကြည့်မိသည်။ ဒီလူ သူ့ဒေါသကို သပ်သပ်မဲ့လာဆွတာ။ တအားကိုတရားလွန်နေပြီ။

" ခင်ဗျား ကျုပ်အ​ကောင့်ကိုဘာလုပ်တာလဲ "

" ကောင်းကောင်း လူကြားထဲမှာစကားကိုအေးဆေးပြော "

" လူကြားထဲကော ဘယ်သူ့​စောက်ဂရုစိုက်ရမလဲ အခုချက်ချင်း ကျုပ်အကောင့်ကိုပြန်ဖွင့်ပေး "

ဒီကောင်လေးက သူ့ကိုဟောက်လားဟမ်းလား၊ မျက်နှာကြောတွေနီတောက်ပြီးတော့ ဒေါသကြီးပြနေတာပဲ။ မိုးမထိကောင်းကမလွယ်ဘူးပဲ။

" ဘာလို့ဒေါသထွက်နေတာလဲ ချွေးတွေတောင်ပျံနေပြီ "

လှမ်းသုတ်ပေးဖို့ပြင်တဲ့သူ့လက်တွေကိုကောင်းကောင်းကခါချဖို့ပြင်တော့ အဲ့ဒီလက်တွေကိုပဲဖမ်းကိုင်ပစ်လိုက်သည်။

" ဝယ်ချင်တာဝယ်ပြီးပြီပဲ အိမ်ပြန်မယ် "

ဒီSneaker လေးကိုသူတော်တော်မျက်စိကျမိတာဖြစ်သည်။ အခုလည်းပိုက်ဆံရှင်းရင်းတန်းလန်းနဲ့တစ်ဝက်ကြီးလိုနေသေးတာကို သိင်္ခမိုးသဲကသူ့အကောင့်ကိုပိတ်ချပစ်တယ်။ ဘယ်လောက်ယုတ်မာလိုက်သလဲ။ ဒီလူသူ့ကိုလာစမ်းနေတာဘာဖြစ်ချင်လို့လဲ။

" ခုလွှတ်! ကျုပ်လက်ကို "

" ​ကောင်းကောင်း နေ့လည်စာချိန်ကျော်နေပြီ "

" ခင်ဗျားစောက်ပူမပါဘူး "

" မိုးမထိကောင်း! "

လေသံနည်းနည်းမြင့်လာပေမဲ့ မာနေတာတော့မဟုတ်၊ သိင်္ခက မိုးမထိကောင်းကို မျက်ဝန်းစူးစူးတွေနဲ့သေချာကြည့်သည်။ အကြောကြီးတဲ့တစ်ယောက်ကလည်းလျှော့မယ့်ပုံမပေါ်။

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Donde viven las historias. Descúbrelo ahora