အခန်း ၁၀။

4.9K 565 4
                                    

[Unicode]

" ကိုယ်မင်းကို အပြင်ထွက်ခွင့်ပိတ်တယ် "

" ခင်ဗျားလုပ်ရဲလား "

အောင်မယ်။ သူ့ကိုများအပြင်ထွက်ခွင့်ပိတ်သလေးဘာလေးနဲ့။ ဒီလူသူ့ကိုသူဘာမှတ်လို့တဲ့လဲ။ မျက်နှာကြောကိုမှတစ်စက်မှကြည့်ရချင်စရာမရှိဘူး။

မိုးမထိကောင်းအော်သံကဧည့်ခန်းထဲဟိန်းနေတာဖြစ်သည်။ ညဘက်မို့လို့ ကြီးမေနဲ့မိမော်တို့က အိမ်နောက်ဖက်ကအိမ်လေးဆီမှာရှိကြမှာ။

" ခြံထဲကရွေ့တာနဲ့ မင်းဘဏ်အကောင့်တွေအကုန်ပိတ်ချမယ်၊ အိမ်ပြန်လာလို့မရဘူး "

" မရရင် ဒယ်ဒီ့အိမ်တက်နေမှာပေါ့။ ခင်ဗျားကိုဘာစောက်ဂရုစိုက်စရာလိုလဲ "

မထီအကြည့်နဲ့ကောင်းကောင်းကမခန့်လေးပါး။ အကြောကလည်းသူ့ထက်ကြီးတဲ့သူမရှိတော့။ သူ့အမှားတစ်စက်မပါတာကို ဒီလူသပ်သပ်မဲ့ပြဿနာရှာတာသူသိသည်။ တော်တော်ရုပ်ပဲ့တဲ့သူ။

" စမ်းကြည့်လေ "

သိင်္ခကပြောပြီးတာနဲ့အပေါ်ထပ်ကိုတန်းတက်သွားတာဖြစ်သည်။ သူနောက်ကနေလက်သီးလက်မောင်းတွေတန်းမိတဲ့အထိ။ နေနှင့်ဦးခင်ဗျား။ ခင်ဗျားအကြောတင်းတာလောက်တော့ ကျုပ်လည်းအကြောကြီးတက်တယ်။ ခင်ဗျားနဲ့ကျုပ်တွေ့ကြမယ်။

သူအပေါ်ထပ်လိုက်လာတော့ သိင်္ခကသူ့ကိုဂရုမစိုက်ပဲ အဝတ်တွေချွတ်နေတာဖြစ်သည်။ အစည်းအဝေးကပြန်လာရတဲ့သူမို့ လူကငြီးနေပြီကို ကောင်းကောင်းရန်ပွဲကိုသွားထိန်းလိုက်ရသေးတယ်။ ဒီကောင်လေး အရင်လိုပြန်လုပ်နေမယ်ဆိုရင်တော့ သူတင်းကျပ်ရတော့မည်။ မိုးမထိကောင်းက နည်းနည်းမှလျှော့ပေးမရဘူးပဲ။

ရေချိုးခန်းထဲဝင်သွားတဲ့သူရဲ့ ကျောပြင်ကိုလိုက်ကြည့်ပြီး ကောင်းကောင်းမျက်နှာကမဲ့ရွဲ့လို့။ သူကဘာကောင်ကြီးမို့တဲ့လဲ။ မိုးမထိကောင်းကိုများ အပြင်ထွက်ခွင့်ပိတ်မယ်လေး၊ ဘဏ်အကောင့်ပိတ်မယ်လေးနဲ့။ ခင်ဗျားဖုန်ရှူလိုက်စမ်းပါ!!!

ကုတင်ပေါ်မှာဖုန်းထိုင်သုံးနေရင်းနဲ့ အောင်ဟိန်းထက်နဲ့ ခန့်မိုးဝေတို့ဆီစာ​ပို့နေတာဖြစ်သည်။ ရုတ်တရက် နံပါတ်စိမ်းတစ်ခုဝင်လာတာမို့လို့ သူကိုင်ဖို့ပြင်နေတုန်း ခါးမှာရေလဲပုဆိုးနဲ့ သိင်္ခကရေချိုးခန်းထဲကထွက်လာသည်။ ဒီလူ သူ့ကိုလုံးဝဂရုမစိုက်တာပဲ။ တစ်ချက်လေးမှလေ။

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Donde viven las historias. Descúbrelo ahora