အခန်း ၂၂။

4.3K 553 47
                                    

[Unicode]

မိုးမထိကောင်းက အရင်တစ်ခါ Bar မှာရန်ချခဲ့တဲ့လူဆီကိုရောက်နေတာဖြစ်သည်။ ရန်ဖြစ်ကြတဲ့ပြဿနာနဲ့ပတ်သတ်ပြီး ဆွဲမသွင်းဘူးလို့မပြောနိုင်။ အများကြီး ကြိုတင်ပြင်ဆင်ထားမှသာ လုံခြုံပါလိမ့်မည်။

" ကူတော့ငါကဘာရမှာလဲ "

" အမှန်တရားကိုဝန်ခံရတာပဲ ဘာကိုမက်မောသေးတာလဲ "

" အမှန်တရားကိုဝန်ခံရရင် မင်းငါ့ပါးကို ၂၆ ချက်တိတိရိုက်ခဲ့တာကွ "

ထိုလူက စားလက်စမုန့်ပန်းကန်ကို စားပွဲပေါ်ချပစ်ပြီးတော့ ကောင်းကောင်းကိုလက်ညှိုးထိုးအော်သည်။ အဲ့ဒီ့နေ့က ပါးကွဲပြီတောင်ထင်လိုက်ရတဲ့အထိ သူ့ရှေ့ကငပိန်ငချွတ်က သူ့ကိုဆော်သွားတာ။ ဒါကိုအခုသူက ဘာပတ်သတ်မှုမှမရှိပဲ ပုံမှန်ရန်ပွဲအသေးစားပါလို့ ထွက်ဆိုပေးရချေဦးမည်။ မလွန်လွန်းဘူးလား။ ချချင်သလိုချင်ချသွားပြီးမှ သူလိုပြန်တော့လည်း အထက်စီးကြီးနဲ့ရောက်လာပြန်သည်။

မျက်နှာလေးခံနေလို့ကွာ ကတောက်စ်!

" စနေနေ့ရုံးချိန်းရှိတယ် ခင်​ဗျားအသဲအသန်လိုက်နေတဲ့မြေကွက်ကြီး ကျုပ်မသိမ်းလိုက်ခင် ရောက်အောင်လာခဲ့ "

သူပြောလျှင်ပြောပြီးချင်ထွက်လာခဲ့လိုက်သည်။ ခုလောက်ဆို ခန့်မိုးဝေလည်း လေယာဥ်ပေါ်ရောက်လောက်ပြီ။ ညနေတန်းပြန်လာမယ်လို့တော့ ညဖုန်းဆက်တုန်းကပြောတာပဲမို့ စိတ်ချရသည်။ သူcompany ကိုခဏဝင်မည်။ ပြီးရင်ကိုသိင်္ခကို အဝတ်အစားသွားပို့ချေမည်။

" ကိုနောင် ကျွန်တော်သိသင့်တာတွေရှိလားလို့
ကိုသိင်္ခ PA ကိုဖုန်းဆက်ခေါ်ပေးထားပါ "

" သူရောက်နေနှင့်ပြီ အစ်ကိုလေး မပူပါနဲ့
အထက်လူကြီးကလည်း မနေ့ကကိုသိင်္ခကိုသွားတွေ့တယ်လို့ ကြားတယ် "

" အဲ့သည့်လူကကော အန္တရာယ်ရှိလား "

" မရှိပါဘူး အန်ကယ်ဝင်းမြိုင်က သူ​ဌေးလေးနဲ့အတော်ကြီးရင်းနှီးတဲ့ ဆက်ဆံရေးပါ၊ တကယ်ဆို ဦးဝင်းမြိုင်တစ်ချက်ပြောရင် သူဌေးလေးကို ချက်ချင်းအိမ်အရောက် လာပို့ပေးသွားမှာ "

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Where stories live. Discover now