အခန်း ၉။

5K 566 6
                                    

[Unicode]

" သူဘာလုပ်သေးလဲ "

" ဒီသုံးရက်မှာ သူရှယ်ယာတွေလိုက်ဝယ်နေတာ "

" သူ့လက်ထဲဘယ်လောက်ရောက်သွားပြီလဲ "

" ၃၀ "

" အဲ့ဒီလူတကယ်လုပ်နေတာပဲ "

ဒီလူ ဘာလို့များ အဲ့လောက်ထိသဲကြီးမဲကြီးဖြစ်နေရသတဲ့လဲ။ ကိုယ့်ပစ္စည်းမစစ်မှန်ရင် ကိုယ့်လက်ထဲမရောက်ဘူးဆိုတာ သေချာပေါက်ပဲလေ။

" ထည်ယံဦးပြန်ရောက်ပြီလား တည်မြဲ "

" ရောက်နေပြီ သူ hotel မှာနေနေတာ ဒီကိုမလာသေးတာ "

" အဆောက်အဦးဒီဇိုင်းစဆွဲမယ်ဆိုတဲ့အကြောင်းပြောထားပေးပါဦး "

ရှယ်ယာရှင်ဘုတ်ကဖြုတ်ဖို့ဆိုရင် အားလုံးထဲမှာရှယ်ယာအများဆုံးဖြစ်နေရမည်။ သိင်္ခရဲ့ရှယ်ယာပိုင်ဆိုင်မှုက ၄၀ ရာခိုင်နှုန်းဖြစ်ပြီး ဦးမိုးကောင်းမှာ ၂၀ ရာခိုင်နှုန်းရှိနေသည်။ မိသားစုလိုက်ဆိုရင် ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုဟာ သူနိုင်ထားပြီးသားပဲကို ဦးလွန်းနောင်က ဘာတွေလုပ်နေတာတဲ့လဲ။ ဘယ်အကြံအစည်တွေရှိနေသေးသလဲ။

" ရှေ့အပါတ် စေ့စပ်ပွဲတစ်ပွဲရှိတယ်မိုးသဲ၊ လေလံပွဲနဲ့တွဲထားတယ်။ အဲ့ဒီ့ပွဲကိုဦးစီးတာ ဦးလွန်းနောင်ရဲ့အသိအချိတ်အဆက်ပဲလို့ သိထားတယ် မင်းသတိထား သွားလာ "

သူ့လိုလူကိုဘယ်သူကထိနိုင်မှာတဲ့လဲ။ Golden Plaza ဆိုတာသာ မျက်စောင်းချိတ်ချင်တိုင်းချိတ်ရမယ်ထင်နေရင် ခန့်မှန်းချက်တွေမှားလေပြီ။ ပိုင်ဆိုင်ကြွယ်ဝမှုကိုထုတ်မပြထားပေမယ့် သိင်္ခမိုးသဲရဲ့အမည်ပေါက်က နိုင်ငံတစ်ဝှမ်းလုံးတွင်ကျယ်တယ်။

" အင်း သတိပေးတာကျေးဇူးပဲ တည်မြဲ၊ ငါပြန်မယ် "

" ခရီးပန်းလာတာ ကောင်းကောင်းနားလိုက်ဦး "

" ဟုတ်ပြီ နောက်နေ့တွေ့ကြတာပေါ့ "

သူနှုတ်ဆက်လမ်းခွဲပြီးတော့အိမ်ကိုပြန်ခဲ့သည်။ ဒီကိုပြန်ရောက်တော့ သူ့စိတ်တွေကရှုပ်ထွေးမွန်းကျပ်လို့။ ဘာလို့ကရိကထများလွန်းတဲ့သောက်ပြဿနာတွေက သူ့ဆီကိုလာနွယ်သလဲမသိ။

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Donde viven las historias. Descúbrelo ahora