အခန်း ၂၈။ ⚠

6.8K 421 12
                                    

[Unicode]

အချိန်တွေဖြတ်ကျော်ပြီးသွားတဲ့နောက်တော့ ကိုးလပြည့်တဲ့အချိန်မှာ မွေးကင်းစလေးထွက်လာခဲ့ပြီဖြစ်သည်။ ကလေးက သမီးလေးပါတဲ့။

မိုးမထိကောင်းက ငှက်ပေါက်လို နီနီရဲရဲကလေးလေးအနားကို လုံးဝမကပ်အဝေးကပဲ လှမ်းကြည့်ပြီးအဝေးကနေ ငေးတတ်လေ့ရှိသည်။ ဒီကနေချက်ချင်းကလေးခေါ်ပြီး ပြန်သွားလို့မဖြစ်တာကြောင့် တစ်လကျော်လောက်နေရသေးသည်။ နောက်တော့မှ မြန်မာပြည်ကိုပြန်လာခဲ့ကြ​သည်။

လက်မောင်းအုံကြီးကြား ငြိမ်နေတဲ့အထုပ်လေးကိုကြည့်ရင်း သူပါငြိမ်နေမိသည်။ ကလေးကငိုတာရှားတယ်။ ဆိတ်ငြိမ်ကာ သိပ်ကိုလိမ္မာသည်။

" ဟန်နီ ချီမလား "

" နေ နေပါစေ ကျွန်တော့်လက်ကြမ်းကြီးနဲ့ "

" ဟန်နီ "

ဂျောက်ခနဲတံခါးဖွင့်သံနဲ့အတူ ဒယ်ဒီကအခန်းထဲဝင်လာပြီးတော့ ကလေးရဲ့ခေါင်းရင်းဘက်မှာကပ်ထိုင်ကာ နှဖူးလေးကိုရှင်းနေအောင်သပ်တင်သည်။ မိုးမထိကောင်းက အသားနုနုလေးပေါ်တင်ပြေးသွားတဲ့ ဒယ်ဒီ့လက်ဖဝါးကြီးကို အသည်းတယားယား ငေးကြည့်နေခဲ့ရုံသာ။

" မင်းဘယ်တော့မှ ချီမယ်စိတ်ကူးထားလဲ "

" မချီရဲဘူးဒယ်ဒီ သမီးက နုနယ်လွန်းတယ်၊ အသားတွေပွန်းပြီးနီရဲကုန်မှာဆိုးတယ်၊ ကိုသိင်္ခချီထားတာလည်း ကျွန်တော်ချီသလိုပါပဲ၊ ကလေးကငြိမ်ပါတယ် "

" မင်းကိုကလေးငြိမ်မငြိမ် ပြောနေတာမဟုတ်ဘူး ကိုယ့်သားသမီးကိုယ် ချီခိုင်းနေတာ "

" ဒယ်ဒီကောင်းကောင်းကို ဖိအားမပေးပါနဲ့ နောက်ကျချီတတ်အောင် ကျွန်တော်သေချာသင်ပေးလိုက်ပါ့မယ် "

" အန်ကယ်ကြီး သူဌေးလေး မစံပါယ်လာတယ်ရှင့်!! "

မိမော်ကအခန်းတံခါးဝကနေလှမ်းပြောတော့ ဦးမိုးကောင်းက ခပ်သွက်သွက်ဆင်းသွားသည်။ ဒယ်ဒီကသန်တုန်းမြန်တုန်း အေးဓာတ်ပိုလာမှ ခြေထောက်နဲ့ဒူးဆစ်တွေ ကိုက်တတ်တာကလွဲရင် ကျန်းမာရေးသိပ်ကောင်းသည်။

" ဟန်နီ လက်ပေး "

" ဟို နေပါစေ ဒယ်ဒီထွက်သွားပြီပဲ "

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Where stories live. Discover now