အခန်း ၂၀။

4.5K 472 28
                                    

[Unicode]

" ငါလက်မခံဘူးမိုးသဲ မင်းရူးကြောင်ကြောင်တွေလျှောက်မလုပ်နဲ့ "

" တည်မြဲ! "

" ဦးစကားကိုနားထောင် မိုးသဲ
နင်လွတ်မယ်ထင်လို့လား ဘယ်နှနှစ်မှန်းမသိအောင် ကိုယ့်အပြစ်မရှိပဲ နင်ထောင်ထဲရောက်သွားမှာနော် "

" ဒါပေမဲ့ ဦးအောင်သောင်းနဲ့ ကောင်းကောင်းနဲ့ နှစ်ယောက်ဆိုရင်တော့ "

" မင်းအမျိုးသား အကြောင်းမင်းအသိဆုံး မိုးသဲ၊ လက်မထပ်ခင်ထဲကနေ သိလာတာပဲ၊ ဒီကိစ္စကမင်းထင်သလို ပေါ့သေးသေးဟုတ်မနေဘူး "

" ငါဟန်နီ့ကိုယုံတယ် "

သိင်္ခမိုးသဲရဲ့မျက်ဝန်းတွေက ပြတ်သားထင်းရှနေသည်။ အရာရာကိုမကြောက်တော့သလိုမျိုး သူ့အတွက်ဖြစ်ကိုဖြစ်လာရမည် ဆိုတဲ့ယုံကြည်ချက်ကို ရင်ဝယ်ပိုက်ထားတာဖြစ်၏။

တည်မြဲနဲ့စံပါယ်ကသူ့ကိုစူးစိုက်စွာကြည့်သည်။ ဘယ်မျက်ဝန်းတွေနဲ့ ကြည့်ရမလဲဆိုတာပင်မသိတော့။ ဒီကောင်က သူ့အမျိုးသားထက်ပိုပြီး အကြောတင်းတယ်။ စိတ်ဓာတ်လည်းပြတ်သားပြီး တုံးတိုက်ကို ဇွတ်တရွတ်ဆန်လွန်းသည်။

နောက်ဆုံးတော့လည်း လက်မြှောက်လိုက်ရသူက တည်မြဲဦးနဲ့ စံပါယ်တင့်လွင်ပင် ဖြစ်တော့၏။ မနိုင်မှတော့အတင်းမထိန်းတော့ဘူး။ မင်းအစီအစဥ်သာအောင်မြင်ပါစေပဲပေါ့။

/

" ပြန်လာပြီလား "

အခန်းတံခါးဖွင့်ပြီးဝင်လာတဲ့သူကြောင့် ကောင်းကောင်းက အဝတ်အစားတွေကို ထည့်ပြုရင်းကနေ ခပ်ပြုံးပြုံးလေးလှမ်းကြည့်ကာပြောသည်။ ရှေ့ရက်ရှမ်းပြည်ပြန်တက်မယ်ဆိုလို့ မိုးမထိကောင်းသူ့အဝတ်အစားတွေထည့်နေတာဖြစ်၏။

" လာပါဦး ဟန်နီရဲ့ ခဏနားဦး "

ကုတင်ပေါ်မှာဝင်ထိုင်လိုက်ရင်းနဲ့ လက်နှစ်ဖက်ဆန့်တန်းပြီးကောင်းကောင်းကိုခေါ်တော့ မိုးမထိကောင်းက သူ့အနားမှာမတ်တပ်ရပ်ပြီးလျှင် သိင်္ခမိုးသဲက ကောင်းကောင်းခါးကနေတွယ်ဖက်ပစ်လိုက်သည်။ ခပ်ပျံ့ပျံ့ဆပ်ပြာနံ့နဲ့ ကိုယ်သင်းနံ့ကို အဆုတ်အပြည့် ရောရှိုက်သွင်းရင်းကနေ ခါးသိမ်ကို ကျစ်နေအောင်တိုးဖက်သည်။ ဒီကောင်လေးနဲ့ဝေးရမှာအကြောက်ဆုံး။ ဒီကောင်လေးကိုချန်ခဲ့ဖို့ကော၊ ဒီကောင်လေးဆီကနေကျန်ခဲ့ဖို့ကော ဘယ်အခြေအနေကိုမှသူမတွေးနိုင်။ မွန်းကျပ်ပြီးတော့ နေရထိုင်ရခက်လာသည်သာဖြစ်သည်။

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Kde žijí příběhy. Začni objevovat