အခန်း ၂၄။ ⚠

7.7K 525 27
                                    

This part include senses of sexual content.⚠⚠⚠ If you're under 18 get out and drink some milk.

[Unicode]

ဦးအောင်သောင်းကပဲဦးဆောင်လို့ ရုံးချိန်းဝင်ခဲ့ပြီးတော့ ဦးလွန်းနောင်အမှုကိုရင်ဆိုင်ခဲ့သည်။ သိင်္ခမိုးသဲက ပြစ်ဒဏ်မိန့်ချမယ့်နေ့မှပဲ သွားခဲ့ပြီးတော့ ဦးလွန်းနောင်မျက်နှာကို အရသာရှိရှိကြည့်ခဲ့တာဖြစ်၏။ ဒီလူလိုကြွက်မျိုးကတော့ဆယ်ခါပြန်ထောင်ထဲပစ်ထည့်နိုင်သည်။ သူဆိုတဲ့ကောင်က ဘယ်သူ့ကိုမှ စောက်ဂရုစိုက်တာမဟုတ်။ သူ့မျက်လုံးထဲယောက္ခမနဲ့ မိုးမထိကောင်းပဲရှိသည်။

တည်မြဲကိုတော့ ရှမ်းပြည်ဘက်လွှတ်ပြီးတော့ လက်ဖက်ကိစ္စကို ပြီးအောင်လုပ်ခိုင်းရသည်။ ထည်ယံဦးကဦးဆောင်လို့​ ဆောက်လုပ်ရေးပြီးခါနီပြီးဖြစ်ကာ အတွင်းပစ္စည်းအတွက် company ချိတ်ဆက်ပြီးပြီလည်းဖြစ်သည်။ ဒီရက်ပိုင်းသူအလုပ်ခေါ်စာ၊လျှောက်စာတွေနှင့် မအားလပ်ရပါချေ။ မိုးမထိကောင်းတို့တော့ ထုံးစံအတိုင်း အိမ်နဲ့လက်ဖက်ရည်ဆိုင်ကို သူ့သူငယ်ချင်းတွေနဲ့ကူးသည်။ ဒီကြားထဲသူ့မိတ်ဆွေဆိုသူတိုးလာပြီးတော့ အဲ့ဒီ့အိမ်ကိုလည်းခဏခဏသွားချေ၏။

သိင်္ခမိုးသဲခင်မျာ ကိစ္စတွေပြီးထဲက မယူလိုက်ရတဲ့အကြွေးအတွက်မကျေနပ်လည်း အလုပ်တွေမပြီး​တော့ ပိုစိတ်တိုရသည်။

ဖြတ်ချပြီးတဲ့စားပွဲပေါ်က အလုပ်ဖိုင်တွေကိုကြည့်ပြီး သူသက်ပြင်းတစ်ချက်ချမိသည်။ နှစ်ပါတ်လောက်အပြီးတော့ ဒီအလုပ်တွေအပြီးသတ်ပြီ။ company မှာရှိတဲ့ ဦးလွန်းနောင်လိုကြွက်တွေကိုထုတ်ပြီး ရှယ်ယာတွေကို သူ့ဟာသူပြန်ဝယ်သည်။ သူတင်မက စံပါယ်တင့်လွင်နဲ့ တည်မြဲဦးကိုပါ ဝယ်ခိုင်းပြီး Golden Plaza မှာ ရှယ်ယာရှင်လေးဦးသာ ကျန်ရှိခဲ့တော့၏။ အခုရှုပ်မှနောင်ရှင်းဆိုသလို။ အခုတင် အတော်ကိုရှုပ်သွားလိုက်တာ ကိစ္စတွေလည်းမနည်းပေ။

" သူဌေးလေး အစ်ကိုလေးရောက်နေတယ် "

သူ့မျက်ဝန်းတွေလင်းလက်ပြီးတော့ကို အံဆွဲထဲက ဘူးကိုယူလို့ ချက်ချင်းပြေးထွက်လာမိတဲ့အထိ ဘယ်မှာရောက်နေလို့ ဘယ်ကိုသွားရှာရမလဲပင် မသိချေ။ နောက်တော့ company အပေါက်ဝရှေ့ကြီးတည့်တည့်မှာ စည်းကမ်းဖောက်လို့ ထီးထီးမားမားထိုးရပ်ထားတဲ့ကားက သူဝယ်ထားပြီး သူကိုယ်တိုင်တက်မစီးရသေးတဲ့ နက်ဆွေးနေတဲ့ကားပင်။

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Dove le storie prendono vita. Scoprilo ora