အခန်း ၂၃။

4.4K 512 23
                                    

[Unicode]

" ရှမ်းပြည်နယ်ဆီသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီးသက်သေအနေနဲ့ ရှမ်းပြည်ကအိမ်ရှင်မကို မျက်မြင်သက်သေကိုတင်သွင်းချင်ပါတယ် "

" သူပြောတဲ့မျက်မြင်သက်သေဒီအခန်းထဲမှာရှိလား ရှိရင်ထွက်လာပေးပါ "

မိုင်ကလှုပ်တုပ်လှုပ်တုပ်ပင် ထွက်လာတာဖြစ်သည်။ ​နောက်တော့သူ့နေရာတွင်သေချာရပ်တော့၏။ တောင်တန်းဒေသတွေဘက်အရိုးဆွေးအောင်နေခဲ့ရတော့ ဒီဒေသကိုသိပ်သဘောမကျ။မွန်းကျပ်ဖို့ကောင်းတာကြောင့် မျက်နှာနွမ်းလျက်ရှိသည်။ သို့သော် အတတ်နိုင်ဆုံး အားတင်းထားလေ၏။

" ဒီက မျက်မြင်သက်သေအနေနဲ့ တရားခံသိင်္ခမိုးသဲနဲ့အတူရှိခဲ့လား မရှိခဲ့ဘူးလားဆိုတာ အမှန်တိုင်းပဲ ထွက်ဆိုပေးပါ "

" ရှိခဲ့ပါတယ်ကွယ် စရောက်ထဲက ဧည့်သည်က အိမ်ရှင်ဖြစ်တဲ့ကျုပ်မျက်စိအောက်က ပျောက်တောင်မသွားဖူးပါဘူး "

လေသံဝဲဝဲနဲ့အဒေါ်ကြီးက ဗမာစကားကိုတော့ အ​သံနေအသံထားနှင့် အေးအေးဆေးဆေးပင်ပြောလေ၏။

" အစအဆုံးပြောပေးနိုင်မလား ဒေါ်လေးမိုင် "

မိုးမထိကောင်းပြောတော့ အဒေါ်ကြီးကအသက်ကိုဝဝရှူကာ စကားတွေပြောဖို့ အားယူလေ၏။

" ၂၄ ရက်နေ့က သူစရောက်လာတယ် ညနေပိုင်းလောက်ပေါ့ ဘကြီးကလက်ဖက်အကြောင်း​လေ့လာချင်လို့ လာလည်တဲ့ဧည့်သည်လို့မိတ်ဆက်ပေးတယ် ညနေစာစားကြတယ် ပြီးတော့လက်ဖက်ရည်ကြမ်းလေးသောက်ကြတယ် "

" မေးစရာရှိပါတယ် အဲ့ဒီ့ကိုမရောက်ခင်က သူတစ်နေရာသွားခဲ့တယ် ဆိုတာကော မဖြစ်နိုင်ဘူးလား "

နိုင်ငံတော်တရားလို ရှေ့နေကြီးကဖြတ်ပြောလာတာကြောင့် မိုးမထိကောင်းခပ်စူးစူးလှည့်ကာကြည့်လေသည်။

" မေးမြန်းနေတဲ့အချိန်တွင်း ဖြတ်မေးခွင့်ကို ခွင့်မပြုပါဘူး တရားရုံးကိုလေးစားမှုရှိပါ "

တရားသူကြီးက မိုးမထိကောင်းရဲ့စကားကို ထောက်ခံသည့်ပုံဖြင့် ရှေ့နေကြီးကိုသတိပေးလေသည်။ ထို့နောက် မိုးမထိကောင်းကိုသာ ဆက်ပြောဖို့မေးငေါ့ပြလေ၏။

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Nơi câu chuyện tồn tại. Hãy khám phá bây giờ