[U] အခန်း (၂)

551 68 0
                                    

ဖေဖော်ဝါရီလ ၈ ရက်...။

မနက် ၁၀ နာရီ....၊ အိပ်ရာမှနိုးထခြင်း..။

<<<<<<<<<<<<<<>>>>>>>>>>>>>>>>

ဘုရားဘုရား.. ဘယ်လိုတောင်အိပ်လိုက်တာ...၊ ကိုယ့်ကိုယ်ကို သေသွားပြီတောင်ထင်နေတာ..။

ခင်ဗျားတို့တွေထဲက လူတော်တော်များများအတွက်တော့ အိပ်ချိန် ၈နာရီထက်ပိုတာက ဘာမှ မထူးဆန်းတာ ဖြစ် ရင်ဖြစ်မယ်..။ ခင်ဗျားတို့ အဲ့လိုသာအိပ်လို့ရတယ်ဆိုရင် ကွန်ဂရက်ကျူလေးရှင်း ပါဗျာ..။ ကျွန်တော်ကတော့ အိပ်လို့ကို မရတာဗျ..။ ကျွန်တော့အတွက်တော့ ငါးနာရီလောက် တဆက်တည်း အိပ်လို့ရရင်ကို အဲ့ဒါဘုရား ကောင်းချီးပေး တာပဲ..။

အလုပ်တွေရှိနေလို့မအိပ်ရတာမျိုးမဟုတ်ဘူးနော်..။ ဒီတိုင်းကြီး ဘယ်လိုမှ အိပ်မပျော်တာ..။ ဒါတောင် ကျွန်တော် ပြောတဲ့ ငါးနာရီထဲမှာ အိပ်ဆေးအကူအညီကိုပါ ထည့်ပြောထားတာ..။

ဟိုငကြောင်ဆိုက်သူးပစ်ပြောသလိုပဲ ကျွန်တော် ဆရာဝန်နဲ့သွားတွေ့ဖို့ တကယ်လိုနေတာလည်းဖြစ်နိုင်တာပဲ.။

ဟ..နေပါဉီး.. ဆိုက်သူးပစ်..။

အတွေးအဆုံးမှာ ကျွန်တော် ဖုန်းကိုဆွဲယူပြီး ဝက်တ် (Wat) ဆီကိုခေါ်လိုက်သည်..။ ဒီရူးကြောင်ကြောင်ကိစ္စကို ယုံကြည်ခြင်းနဲ့ မယုံကြည်ခြင်း ခြံစည်းရိုးပေါ်မှာ ကျွန်တော် ခွထိုင်နေဆဲ ဆိုပေမဲ့ ယုံတဲ့ဘက်ကို နည်းနည်း ယိမ်း လိုက်လို့လည်း ဘယ်သူ့မှမထိခိုက်ဘူး ဟုတ်တယ်ဟုတ်..။ အဲဒါအပြင် ညတုန်းက ဆိုက်သူးပစ် ဆို တဲ့ ငနဲ တကယ် ကြီး ကျွန်တော့ရှေ့က ပျောက်သွားခဲ့တယ်လေနော်..။ အဲ့ဒါကြောင့်မို့ မဟုတ်မှလွဲရော..။ မဟုတ်မှလွဲရောလို့ပြော တာနော်.. ။ အဲ့လူ တကယ်ပဲ ဝက်တ် ရဲ့ရည်းစားကောင်ကို ကျွန်တော့အတွက် 'ဖျက်' ပေးလိုက်ပြီးလည်းဖြစ်နိုင်တာ ပဲ..။

အဲ့ကောင်ကျွန်တော့ဖုန်းကိုမကိုင်ပြန်ဘူး..။ အေးလေ.. ဒီလိုဟာမျိူးက တကယ်ဖြစ်နိုင်စရာအကြောင်းမှမရှိတာ..။ ပေါက်ပန်းလေးဆယ် အရူးချီးပန်း ဆုတောင်းဆိုလား..၊ အကူအညီဆိုလား အဲ့လူခေါ်ချင်သလို ခေါ်နေတာ တွေကို ယုံကြည်အားကိုးမိတဲ့ ကျွန်တော်ကသာ ငစနူကောင်..။

ဗယ်လင်တိုင်းသို့ ၇ ရက်အလို (ဘာသာပြန်)-[Completed]Where stories live. Discover now