[Z] အခန်း (၇)

47 7 0
                                    

"ဟုတ်ပြီနော်...၊ ငါ့မှာ သဘောတွေကျနေရတာ...။ မငိုနဲ့...။ သွေးမကြောင်နဲ့...။ ငါ့အပျော်လေးတွေကို မဖျက်စီးနဲ့...။ လူသတ်တာ မရပ်လိုက်နဲ့....။ ဆက်လုပ်....၊ မင်းတောင်းဆိုချက်ကိုသာ ငါ့ကို ပြော...။ အ..ခု..ချက်..ချင်း..ပြော...။ '...တဲ့ဘယ်သူ့ကိုမဆို' နော်...။ ငါ ဖြည့်ဆည်းပေးမယ်...။ မြန်မြန်...ပြောစမ်း...။"

ကျွန်တော် ခုတင်ကျောမှီမှာ ကပ်လျက်သားဖြစ်နေပြီ...။ ထပ်ပြီး ရွှေ့စရာနေရာမရှိတော့...။

"ခရူး ခင်ဗျား ကျွန်တော့်ကို ကြောက်အောင်လုပ်နေပြီ..."

ကျွန်တော် သူ့ကို တည့်တည့်မကြည့်ရဲဘဲ တုန်ယင်စွာပြောမိ၏...။

"ကောင်းတယ်...! အစကတည်းကမင်း ငါ့ကို ကြောက်ခဲ့သင့်တာ...။"

နုတ်ခမ်းထောင့်စွန်းတစ်ဖက်ကနေပြုံးလိုက်ရင်း သူက ဆိုသည်...။

"ငါက ဝိဉာဏ်နုတ်တဲ့သူတစ်ယောက်ဆိုတာမင်းမေ့သွားတယ်ပေါ့...။ မှတ်ထား....။ ငါရဲ့ တစ်ဖက်ခြမ်းက ကျူးပစ်ဖြစ်ရင်ဖြစ်လိမ့်မယ်...။ ဒါမဲ့ ကျန်တဲ့ တစ်ခြမ်းမှာ ငါက သေမင်းတမန် တစ်ယောက်ပဲ...။ ငါမင်းနဲ့ ထွေရာလေးပါးပြောပြီး ဟာသတွေ လုပ်ချင်လုပ်နေမယ်...။ ဒါပေမဲ့ အဲ့ဒါက ငါကကြောက်စရာကောင်းတဲ့ သတ္တဝါ မဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်...။"

သူက ကျွန်တော့်နဖူးကို လက်ညှိုးဖြင့်တောက်လိုက်ရင်း...

"ငါ့ရဲ့ အဓိက ရည်ရွယ်ချက်က လူတွေရဲ့ အသက်ကို နုတ်ယူဖို့ပဲ...။ လူ့အသက်ကို နုတ်ယူတယ်ဆိုတာရဲ့ ဘယ်အပိုင်းကို ကြောက်စရာမကောင်းဘူးလို့ မင်းထင်နေရတာလဲ....?"

ကျောစိမ့်စရာအေးစက်မှုက ကျွန်တော့်နဖူးကနေတဆင့် ကျွန်တော့်တစ်ကိုယ်လုံးဆီကို ပြေးဆင်းသွားခဲ့သည်...။ ကျွန်တော် အခု သေမင်းတမန်တစ်ယောက် ရဲ့ထောင်ချောက်ထဲမှာ ပိတ်မိနေပြီလား...? သိပ်အဓိပ္ပါယ်မရှိလှသော (ခ) အဆင့် ရုပ်ရှင်တွေထဲမှာလို စာတန်နဲ့ သဘောတူညီချက်ယူပြီး ဆုတောင်းတွေလုပ်ကြတဲ့သူတွေလိုမျိုး ကိုယ့်သေတွင်းကိုယ်တူးမိပြီလား...? ကျွန်တော်လည်း အဲ့လူတွေလို အဆုံးသတ်ရတော့မှာလား...?

ဗယ်လင်တိုင်းသို့ ၇ ရက်အလို (ဘာသာပြန်)-[Completed]Where stories live. Discover now