ဖေဖော်ဝါရီလ ၈ ရက်...။
သန်းခေါင်ယံရောက်လုချိန်....။
<<<<<<<<<<>>>>>>>>>>>>>
ကျွန်တော်တို့နှစ်ဉီး ကြိုတင်ချိန်းဆိုထားသည့်အလား ဆိုက်သူးပစ်ကြီး ကျွန်တော့အခန်းထဲဝင်လာချိန်တွင် ကျွန်တော်က အိပ်ရာပေါ်တွင် တစ်စုံတစ်ခုကို အသေအလဲ စဉ်းစားနေတုန်းဖြစ်သည်..။ ထိုလူက မနက်ကအတိုင်း အဖြူရောင် တီရှပ်နှင့် အဖြူရောင် အရောင်ချွတ်ဂျင်းဘောင်းဘီနှင့် ဖလန်းဖလန်းထနေတုန်း ဖြစ်၏..။
"ကဲ..ဘယ်လိုလဲ..အဖြေရှာတွေ့သွားပြီလား..?"
စကားလုံးတို့ကတော့ စိတ်ပူသယောင်ဆောင်နေပေမယ့် ထိုလူ့ လေသံနှင့် မျက်နှာအမူအယာတို့က ထိုသို့မဟုတ် ကြောင်းဖော်ပြနေကြသည်..။ သူ့ကြည့်ရသည်မှာ အပြင်မှာ လျှောက်လည် ခဲ့ရသည်ကို လွန်စွာမှ ကျေနပ်ပျော်ရွှင်ခဲ့ ပုံပေါ်နေသဖြင့် သူဘယ်တွေသွားခဲ့လဲ၊ ဘာတွေလုပ်ခဲ့သလဲဆိုတာကို ကျွန်တော် မေးချင်စိတ်ပင် ကုန်သွားသည်..။ ဆိုက်သူးပစ် တွေဘာလုပ်ကြတယ်ဆိုတဲ့ ကိစ္စက ကျွန်တော့လို လူသားတစ်ယောက်အတွက် ဘာများအရေးပါလို့လဲ..။ ကျွန်တော် သိလဲ မသိချင်သလို စိတ်လည်းမဝင်စားပါ..။
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး...
"ဒီတစ်ခါတော့ ကျွန်တော် သေချာသတိထားမှရမယ်..။ မနေ့ညက ကျွန်တော့မှာ အချိန်ဆိုတဲ့ဖိအားရှိခဲ့လို့..။ ခင်ဗျားက လောလောလောလောလုပ်နေတာကို..။"
ဟုတ်တယ်လေ..။ အဲ့လူအမှားပေါ့..။ ရုတ်တရက်ကြီးပေါ်လာပြီး လောလောလောလောနှင့် ဆုတောင်းတစ်ခု ပြုဆို လုပ်ခဲ့တာကို..။ သေချာတာက ကျွန်တော့မှာ သေသေချာချာစဉ်းစားချိန်ကို မရှိခဲ့တာဖြစ်သည်..။
"ဒါဆို အခုဘယ်သူ့ကို ဖျက်ပစ်ဖို့ စဉ်းစားထားလဲ..?"
ဆိုက်သူးပစ်က ကျွန်တော့ခုတင်ကို ကွေ့ပတ်ကာ တစ်ဖက်မှာ ချိတ်ထားသော အရောင်တွေပျယ်လွင့်နေတာကြာ ပြီဖြစ်သည့် ကြယ်တာရာမြေပုံ ပိုစတာရှေ့မှာရပ်လိုက်သည်..။ အဲ့ဒီပိုစတာကကျွန်တော်တက္ကသိုလ်စတက်က တည်း ကဝယ်ပြီးချိတ်ထားခဲ့တာဖြစ်သည်..။
YOU ARE READING
ဗယ်လင်တိုင်းသို့ ၇ ရက်အလို (ဘာသာပြန်)-[Completed]
Fantasy[Completed] သေမင်းတမန်ဖူးစာရေးနတ် (Cupid of Death)ရဲ့ အကူအညီနဲ့ လမ်းခွဲသွားတဲ့ချစ်သူကို ပြန်ရဖို့ ကြိုးစားတဲ့သူတစ်ယောက်အကြောင်းပါ..။ သေမင်းတမန်ဖူးစာရေးနတ် (Cupid of Death)ရဲ့ အကူအညီနဲ့ လမ်းခွဲသွားတဲ့ချစ်သူကို ပြန်ရဖို့ ကြိုးစားတဲ့သူတစ်ယောထက်ေအကြောင်...