[U] အခန်း(၉-၂)

428 62 0
                                    

"အဲ့ဒါ ဘာကြောင့်လဲဆိုတော့ တစ်ယောက်ယောက်က မင်းကို ပြန်လည်ခေါ်ဆောင်ပေးဖို့ ဆန္ဒပြုခဲ့လို့ပဲ....။"

ရုတ်တရက်ကြီး ကျွန်တော့်ရှေ့ စားပွဲ ရဲ့ တဖက်ကထိုင်ခုံပေါ်မှာ ခရူး က အကောင်အထည်လိုက် ပေါ်လာ လေသည်...။

"အမလေး...! ခင်ဗျားကတော့ လူကို လန့်သေအောင်လုပ်နေတာပဲ...။ အဲ့လိုကြီးပေါ်မလာစမ်းပါနဲ့...။"

သူ့ကြောင့်ထိုင်ခုံပေါ်ကပြုတ်ကျမတတ်ဖြစ်သွားရတာကြောင့် ကျွန်တော် သူ့ကို ကြိမ်းမောင်းလိုက်သည်...။

"ဘာရယ်..?"

ခရူး က ခရင်းကို ကောက်ကိုင်ကာ ကျွန်တော့်ကိတ်မုန့်တွေကို ယူစားလိုက်ရင်း...

"မင်းက အခုထိ ဒါနဲ့ အသားမကျသေးဘူးလား....?"

ကျွန်တော် ခေါင်းခါလိုက်ပြီး...

"ဟမ်...မဟုတ်....တာတွေ...၊ ဘယ်သူက ဒါမျိုးနဲ့ အသားကျမှာလဲဗျ..."

ခရူး က ကျွန်တော့်အပြောကို ရယ်ချင်ပက်ကျိဟန်ဖြင့်...

"အင်းလေ...အသားကျစရာလဲမလိုလောက်တော့ပါဘူး...။ မဟုတ်လဲ ဒီညက ငါတို့ရဲ့ နောက်ဆုံးညပဲဟာ..."

"စစဉီးဆုံး မင်းသေသွားတဲ့အချိန်မှာ..."

ကိတ်မုန့် စားတာကိုလည်းမနားဘဲ ခရူး က စကားစလိုက်သည်...။

"အရင်ဆုံး မင်းဆုတောင်းခဲ့သမျှ ကိစ္စတွေအားလုံး ပျက်ပြယ်သွားတယ်...။ လုံးဝဗလာပြန်ဖြစ်သွားတယ်....။ အဲ့ကိစ္စတွေရဲ့နောက်ကွယ်က ယန္တရားတွေ...ဘယ်လိုတွေ အလုပ်လုပ်သွားတယ်ဆိုတာတွေ ငါ့လာမေးဖို့ မစဉ်းစားနဲ့...။ ပျင်းလွန်းလို့ အဲ့ဒါမျိုးတွေ ရှင်းကို မပြချင်ဘူး...။ ရှင်းရှင်းလေးပြောရရင်...မင်းရဲ့ တည်ရှိမှု ရပ်တန့်သွားတာနဲ့ မင်းငါ့ကို ဖျက်ခိုင်းခဲ့တဲ့ လူတွေအကုန်လုံး ပြန်ရောက်လာတယ်....။ ပြီးတော့ အခု မင်းလည်းပြန်ရောက်လာပြီဆိုတော့...သဘောက မင်းရဲ့နဂိုမူလယုတ္တိနဲ့ စဉ်းစားတဲ့အတိုင်း ဘယ်သူမှ ဖျက်ခံလိုက်ရတယ်ဆိုတာမရှိဘူး...။ အားလုံး စင်းလုံးချောပဲ...။"

ဗယ်လင်တိုင်းသို့ ၇ ရက်အလို (ဘာသာပြန်)-[Completed]Where stories live. Discover now