[U] အခန်း (၉-၁)

328 56 0
                                    

ကျွန်တော် ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲမှာဆိုရင် များသောအားဖြင့် လူတွေသေခါနီးမှာ ပြောကြတဲ့ စကားတွေက တအားမိုက်တာပဲဗျ...။ အမိုက်စား စကားတွေ အဆိုတွေပြောကြတာပေါ့ဗျာ....။ ကျွန်တော့်ရဲ့ နောက်ဆုံးစကားကျတော့မှ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှတောင် မတွေးကြည့်မိဖူးဘူး...။ ဘာတဲ့...။

'ကျွန်တော်...ဆိုက်သူးပစ် နတ်မင်းဆီမှာ...ကျွန်တော်ကိုယ်တိုင်ကို... ဒီကမ္ဘာပေါ်ကနေ...ဖျက်ပေးဖို့ ဆန္ဒပြု ပါတယ်...' တဲ့...။

မမိုက်ဘူးလို့တော့ အတိအကျ ပြောတာမဟုတ်ပေမဲ့ အရမ်းမိုက်တာပဲလို့ပြောလို့မရတာတော့ ကျွန်တော်ပြောနိုင် တယ်...။ ခရူး က လက်ဖျောက်တီးလိုက်တော့ ကျွန်တော် မျက်လုံးတွေကို ပိတ်လိုက်ပြီး ကျွန်တော့် အတွေး တွေကို လူတိုင်းဆီကို ဖြန့်ကျက်လိုက်ကာ နုတ်ဆက်ကျေးဇူးတင်စကားဆိုလိုက်သည်...။ အဲ့ဒီနောက်မှာတော့ ကမ္ဘာကြီးကို သူ့ရဲ့ ပုံမှန် လမ်းကြောင်းအတိုင်း ပြန်လည်စီးဆင်းခွင့်ပြုလိုက်တော့၏...။

သေခြင်းတရားက အနက်ရောင်ဟု လူတွေပြောတတ်ကြ၏...။ တချို့ကျတော့လည်း အဖြူတဲ့...။

အဲ့ဒါနဲ့ပတ်သတ်ပြီး ကျွန်တော်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတစ်ခုလိုမျိုး ခံစားရတာကြောင့် အဲ့ဒီအကြောင်း တစ်ခါမှ တွေးပင်မကြည့်ဖူးခဲ့ပါ...။ ကျွန်တော်သေရမဲ့ အလှည့်ရောက်မလာခင်အထိပေါ့...။

အမှောင်ထုက ကျွန်တော့်ဆီကို သူ့ရဲ့ လက်တံရှည်တွေကိုဆန့်ထုတ်လျက် ရောက်လာခဲ့ပြီး လျင်မြန်စွာဖြင့် ကျွန်တော့်တစ်ကိုယ်လုံးကို ရစ်ပစ်လွှမ်းခြုံလာခဲ့သည်...။ ကျွန်တော့်လက်တွေကို ဆန့်တန်းပြီး အဲ့ဒီ အမှောင်ထုကို ကြိုဆိုနေခဲ့သလို ကိုယ်ထိလက်ရောက် ပွေ့ဖက်ပစ်လိုက်ဖို့လည်း အသင့်ဖြစ်နေခဲ့၏..။ ဒါပေမဲ့ အဲ့ဒီအမှောင်ထုက မယုံနိုင်စရာ အလျင်မျိုးဖြင့် ကျွန်တော့်ကို ဖြတ်သန်းထွက်ခွာသွားပြီး သူ့ကို ဘာပွေ့ဖက်ခွင့်မှ မရလိုက်နိုင်လောက်အောင် ကျွန်တော့်ဘက်က နှေးကွေးနေခဲ့သည်...။

ဘာကြောင့်ဒီလောက်တောင် မြန်ဆန်နေရသလဲဟု ကျွန်တော် ဝေဝါးနေတုန်းမှာပဲ စူးရှတောက်ပသောအဖြူရောင် အလင်းတန်း တစ်ခုက ကျွန်တော့်အပေါ်ကို ဖွေးခနဲ ထိုးကျလာခဲ့တာကြောင့် ကျွန်တော် အံ့ဩတကြီးဖြစ်သွားခဲ့ရ၏...။ သိပ်ဖြူဖွေးပြီး သိပ်တောက်ပလွန်းတာပါပဲ...။ ဒါက ငရဲများလား...? ငရဲက ဘာလို့ဒီလောက်တောက်ပနေတာပါလိမ့်..။ မဟုတ်မှ ဒါက နတ်ပြည်လား..။ ကျွန်တော့်လိုကောင်က နတ်ပြည် ရောက်ပါ့မလား...။ မဖြစ်နိုင်တာကြီး...။ ကျွန်တော် လူ ၅ ယောက်တောင် သတ်ခဲ့တဲ့ဟာ..။ ဒါတောင် ကျွန်တော် ကိုယ်တိုင်မပါသေးဘူး...။ နတ်ပြည်ရောက်စရာအကြောင်းကိုမရှိတာပဲ...။

ဗယ်လင်တိုင်းသို့ ၇ ရက်အလို (ဘာသာပြန်)-[Completed]Tahanan ng mga kuwento. Tumuklas ngayon