[U] အခန်း (၅) ⚠️

640 54 0
                                    

(T/N

⚠️ ရိုင်းကန်းသော်ပနီပါနော်⚠️

တအားတွေလည်း မမျှော်လင့်ထားနဲ့ဉီး...။ ခပ်ပါးပါးပဲ....။ 😀😀 )

----------------------------------------------------------------

"ဂွတ်မောနင်းပါ...အိပ်လို့ကောင်းရဲ့လား..."

ဝက်တ် က မေးလိုက်ပေမဲ့ ကျွန်တော် ကတော့ နေရာမှာပင် ကြက်သေသေနေလေသည်..။

သေစမ်း...၊ ဝက်တ် ပဲဟ..။

သေစမ်း....၊ သူငါ့ဆီ ပြန်ရောက်လာပြီတဲ့...။

သေစမ်း...၊ သူ ငါ့အခန်းထဲမှာ အခုလေးတင် ရေချိုးပြီး ထွက်လာတာတဲ့..။

သေစမ်း...၊ သူပြန်လာပြီ...။ ဒီတစ်ခါ သူတကယ်ကြီးပြန်ရောက်လာပြီတဲ့...။

"ဟေး...မင်းအိုကေရဲ့လား..."

ဝက်တ် က ကျွန်တော့်အနားလျှောက်လာကာ သူ့ကိုယ်ကို ကိုင်းလိုက်ရင်း ကျွန်တော့်မျက်နှာရှေ့တွင် လက်ဝှေ့ယမ်း လိုက် သည်..။

"ဝက်တ်...တကယ်ပဲ မင်းလား...."

ကျွန်တော့်ရှေ့က လူက တကယ်ကြီး ဝက်တ် ဆိုတာကို ကျွန်တော့မှာ အခုထိ မယုံနိုင်သေး...။ အမျှော် လင့်ကြီးမျှော်လင့်ခဲ့ပေမယ့် ဒီလိုမျိုး အိပ်ရာက နိုးတာနဲ့ မျှော်လင့်ထားတဲ့ ရလဒ်ကြီးကို ကျွန်တော့်ရှေ့မှာ မြင်ရလိမ့်မယ် လို့တော့ ထင်မထားခဲ့...။ သိပ်ကို ရုတ်တရက် ဆန်လွန်းပြိး ကျွန်တော် မကိုင်တွယ်နိုင်လောက် အောင် များလွန်းနေခဲ့သည်...။

"အင်း...ကိုယ်လေ...၊ ဘာဖြစ်လို့လဲ..? မင်းမှာ သတိမေ့ရောဂါရှိလို့ ကိုယ့်ကို မမှတ်မိတော့ဘူးလို့တော့မပြောနဲ့ နော်...။"

သူက အိပ်ရာပေါ်တွင် ကျွန်တော်နှင့် ဘေးချင်းကပ် လာထိုင်၏..။ သူ့ရေစို ဆံပင်တွေကနေ တစ်စက်စက် ကျနေတဲ့ ရေစက်လေးတွေက သူ့ပခုံးနှင့် ရင်ဘတ်တွေပေါ်မှာ တွဲခိုနေကြသည်..။ ကျွန်တော် ဝမ်းလည်းသာမိသလို နားလည်းမလည်ဖြစ်နေ၏..။ အဲ့ဒီတော့... ဆုတောင်းက ဒီတစ်ခါ အလုပ်ဖြစ်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်လား..?

"ဝက်တ် မင်းတကယ်ကြီး ရောက်နေတာပေါ့နော်..."

လခွမ်း...၊ ဘယ်လိုအူကြောင်ကြားမေးခွန်းလဲလို့...။

ဗယ်လင်တိုင်းသို့ ၇ ရက်အလို (ဘာသာပြန်)-[Completed]Tahanan ng mga kuwento. Tumuklas ngayon