[U] အခန်း(၄)

374 53 0
                                    

"အိုး..ဝိုး...ဘာတွေလဲဟ...?"

အခန်းထဲကျူးကျော် ဝင်ရောက် လာသူကို ကျွန်တော် ကြည့်လိုက်တော့ ခရူး ပဲ ဖြစ်သည်..။ ပြီးခဲ့တဲ့ရက်တွေထဲမှာ ကျွန်တော့ အိမ်နှင့်ကျွန်တော့ဘဝထဲကို ထူးဆန်းသော အိမ်သားတစ်ဉီး ဝင်ရောက်လာခြင်းကို ကျွန်တော် နေသားကျလာခဲ့ပြီ ဖြစ်၏...။ ဆိုက်သူးပစ်က အခန်းတံခါးဖွင့်စရာမလို ဘာမလိုနှင့် အခန်းထဲမှာ ဗြုန်းဆို ပေါ်လာကာ ရပ်နေခဲ့သည်..။

ကျွန်တော် အရင်လို လန့်ဖြန့်မသွားခဲ့သလို အခန်းတွင်း လက်ရှိအခြေအနေကို ထိုလူ လန့်သွားတာကိုလည်း မအံ့ ဩမိပါ..။ အခန်းအလယ်တွင် ကျွန်တော့် ပရောဂျက် အတွက် ကြီးမားလှသော ပလာစတာ ဝှိုက်ဘုတ် တစ်ခုက နေရာယူထားသည်..။ ဘုတ်မျက်နှာပြင် ပေါ်တွင် မရေတွက်နိုင်သော စတစ်ကာ မှတ်စု စာရွက်များ ကပ်ထားပြီး ရှုပ်ထွေးသည့် အချိတ်အဆက်ပြ မြေပုံ ဖြစ်နေအောင် စာရွက်တစ်ခုနှင့်တစ်ခုကိုလည်း အနီရောင် ချည် ကြိုး များနှင့် ဆက်ထားသေးသည်..။ (ဝှိုက်ဘုတ် နောက်ခံနှင့် ကွဲထွက်နေအောင် အနီရောင််ကို ကျွန်တော် ရွေး ချယ်ခဲ့တာ ဖြစ် သည်...။)

"ကျွန်တော်နဲ့ ဝက်တ် ရဲ့ ဆက်ဆံရေးပြ မြေပုံလေ..."

ကျွန်တော်တို့နှစ်ယောက် ပထမဉီးဆုံး စတွေ့ခဲ့တဲ့ အချိန်က‌နေစပြီး ကာလတလျှောက်လုံးကို ကျွန်တော် ပြန်လှန် စစ်ဆေးသုံးသပ်ကြည့်နေခဲ့သည်..။ ကျွန်တော်တို့ နှစ်ယောက်ဆက်ဆံရေး မှာ အရေးပါခဲ့တဲ့ အဖြစ်အပျက် တစ်ခု ချင်းစီကို စတစ်ကာမှတ်စု စာရွက်တွင် ချရေးကာ ထို အဖြစ်အပျက်ကနေ အခြား အဖြစ်အပျက် တစ်ခုကို ဉီးတည်စေခဲ့လျှင် ချည်ကြိုး ဖြင့် ချိတ်ဆက်ကာ အမှတ်အသားပြုထား၏..။ ဖြစ်တန်ချေ ယုတ္တိများကို ခွဲခြား စိပ်ဖြာနိုင်ဖို့ လွယ်ကူသည့် ပုံတစ်ခုရရန်နှင့် အကြောင်းနှင့် အကျိုးတရားတို့အကြားက ဆက်သွယ်မှုကို မြင်သာ စေရန် ဖြစ်သည်..။

ခရူး ပေါ်လာပြီဆိုတော့ အဓိပ္ပါယ်က...

ကျွန်တော် ခေါင်းကို လှည့်ကာ နံရံကပ်နာရီ ကို မော့ကြည့်လိုက်သည်..။ ည ၁၁နာရီ ၄၃ မိနစ်....၊ ဝိုး..။ နေ့သစ် တောင် ရောက်တော့မှာပါလား..။ ဝှိုက်ဘုတ်ကို စိတ်နှစ်ပြီးလုပ်နေသည်နှင့် ဘယ်အချိန်တွေတောင် ရောက်နေမှန်း မသိလိုက်တော့..။

ဗယ်လင်တိုင်းသို့ ၇ ရက်အလို (ဘာသာပြန်)-[Completed]Où les histoires vivent. Découvrez maintenant