"ကျွန်တော် နက် (Neth) ဆိုတဲ့လူကို ဖျက်ပစ်ချင်တယ်...."
ကျွန်တော် အိပ်ရာပေါ်တွင် အေးအေးသက်သာပင် ထိုင်ကာ ခရူး အလာကို စောင့်နေခဲ့ပြီး ထိုလူအခန်းထဲပေါ်လာ သည်နှင့် သူ့အမေးကိုပင် မစောင့်တော့ဘဲ ကျွန်တော့်ရဲ့ နောက်ထပ် ပစ်မှတ်တစ်ခုကို ချက်ချင်းပင်ပြောချလိုက် သည်...။ ခရူး က သူအခန်းများမှားဝင်လာမိသလားဇဝေဇဝါဖြစ်သွားဟန်ဖြင့် အနည်းငယ်ကြောင်တောင်တောင် ဖြစ်သွား၏..။ ကျွန်တော့်တောင်းဆိုချက်ကို ထပ်ပြောမပေးခင် အခြေအနေကို နားလည် သွားအောင် ထိုလူ့ကို ကျွန်တော် စက္ကန့်အနည်းငယ်လောက် အချိန်ပေးထားလိုက်သည်...။
"ကျွန်တော် ခင်ဗျားကို နက် ကို ဖျက်ပေးစေချင်တယ်..."
"ဝိုး..ဝိုး...ဝိုး....စိတ်လျှော့ ဘရို...စိတ်လျှော့ ...။ ဘယ်လိုကနေဘယ်လိုတွေဖြစ်....?"
ထိုလူက ကျွန်တော် စကားဆက်မပြောရအောင် သူ့လက်တစ်ဖက်ကို ကာလိုက်၏...။ ခင်ဗျားတို့သိလား..။ အဲ့ဒါမျိုးကို ကျွန်တော်တအားမုန်းတာ....။
လူတွေ ကျွန်တော့်ကို လာပြီး 'စိတ်အေးအေးထား' လို့လာပြောရင် သိပ်မုန်းတာပဲ....။ခင်ဗျားတို့ကို ကျွန်တော်တစ်ခုပြောပြမယ်...။ လူတစ်ယောက်က အလောတကြီးဖြစ်နေတယ်...၊ စိတ်တို စိတ်ဆတ်နေပုံပေါ်နေတယ်ဆိုတိုင်း အဲ့လူ ခေါင်းပူနေတယ်လို့ ပြောလို့မရဘူးဗျ...။ တစ်ခါတစ်လေ ကျွန်တော်တို့က မလိုအပ်ဘဲ အချိန်တွေ မဖြုန်းချင်ရုံသက်သက်ပဲ...။ ကျွန်တော်တို့ သေသေချာချာလည်း စဉ်းစားသုံးသပ်ပြီးသား....။ ဒါကြောင့်မို့ အလျင်စလိုဖြစ်နေတယ်ဆိုတိုင်း ကျွန်တော်အသိစိတ်လွတ် နေတာမဟုတ်ဘူး...။ ကျွန်တော်က ရိုးရိုးတန်းတန်း အချိန်ကုန်သက်သာစေချင်တာပဲရှိတာ....။
လူတစ်ယောက်ကို 'စိတ်လျော့စမ်း' လို့ပြောတယ်ဆိုတာ..အဲ့ဒါ အထက်စီးကနေ ဆရာကြီးလုပ်တာပဲဗျ....။ အဲ့ဒီလူ တအားတွေ ဒေါသတွေဖြစ်နေပြီး ခေါင်းအေးအေးထားဖို့ လိုနေတယ်လို့ပြောလိုက်တာပဲ....။ တကယ်တမ်း ဖြစ်နိုင်တာက အဲ့လူက အသိစိတ်လွတ်နေတာမဟုတ်ဘဲ သူ့တို့ရဲ့ အချိန်တွေကို ခင်ဗျားနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ပြီး သောက်ကျိုးနည်း ဖြုန်းမပစ်ချင်တာလဲ ဖြစ်နိုင်တာပဲလေ.....။
STAI LEGGENDO
ဗယ်လင်တိုင်းသို့ ၇ ရက်အလို (ဘာသာပြန်)-[Completed]
Fantasy[Completed] သေမင်းတမန်ဖူးစာရေးနတ် (Cupid of Death)ရဲ့ အကူအညီနဲ့ လမ်းခွဲသွားတဲ့ချစ်သူကို ပြန်ရဖို့ ကြိုးစားတဲ့သူတစ်ယောက်အကြောင်းပါ..။ သေမင်းတမန်ဖူးစာရေးနတ် (Cupid of Death)ရဲ့ အကူအညီနဲ့ လမ်းခွဲသွားတဲ့ချစ်သူကို ပြန်ရဖို့ ကြိုးစားတဲ့သူတစ်ယောထက်ေအကြောင်...