Love + Love
|Author BlackclockChapter 3
အိပ်ပျော်နေလေသော လူထံ အသွေးမြတ်
တိုးကပ်သွားမိသည်။ အချိန်တစ်ခုအထိ အိပ်
မောကျနေသူကို တိတ်တိတ်လေး စိုက်ငေးကြည့်
နေခိုက် ကြားလိုက်ရသော နာမည်တစ်ခု။ဇလပ် ဆိုပါ့လား။ သူမက ဘယ်သူပါလိမ့်။
ဟွင်း……။" ဟင်……"
"အား အ"
ခတ်ထန်သည့် ပုံပန်းသွင်ပြင်ပေါက်နေလေ
သော မေးရိုးကို ထိကိုင်ခိုက် ဦးညှို့နက်အိပ်ရာက လန့်နှိုးကာ အသွေးမြတ်လက်ကလေး လိမ်ချိုး ထားလေသည်။"ဦးညှို့နက် လွှတ်ပါ နာတယ်"
"ဟင် ဟာ ဆော ဆောရီး "အိပ်ချင်မူးတူးဖြစ်နေရာက မျက်စိပေါက်
ကျယ်ပွင့်လာလေမှ တောင်းပန်လေသူ။ ချစ်
လွန်းလို့ အသွေးမြတ် ဦးညှို့နက် ပါးကို မွေ့
နမ်းမိသည်အထိ။" ဟာ ငါ မျက်နှာ မသစ်ရသေးဘူး"
"ချစ်လို့ နမ်းတာ ညစ်ပတ်လို့ နမ်းတာမှ
မဟုတ်တာ လာ ထတော့"
"လက် နာသွားသေးလား"
"ဟင့်အင်း"
"အန်ကယ်ကော"
"မနက်အစောလေယာဉ်နဲ့ ထွက်သွားပြီလေ
သူ့ကိုယ်ရံတော် အိပ်ပုပ်ကို နားပူနားဆာသိပ်
မကျဖို့တောင် မှာသွားသေးတယ်""ဆောရီး ဟင် အစောကြီးပါ့လား
သုံးနာရီပဲ ရှိသေးတာဟာ""အွန်း ဟုတ်တယ် ခါတိုင်းဆို ဒယ်ဒီ
စိတ်မချဘူးလေ နောက်ကျမှ ကိုယ်ပိုင်
လေယာဉ်နဲ့သွားတာ အခုတော့ ဦး ရှိလို့""အိပ်ရေးကော ဝ ရဲ့လားကွ"
အိပ်ချင်မူးတူးမဟုတ်ဘဲ ပြူးလည်တဲ့
မျက်ဝန်းတွေနဲ့ ကောင်မလေး။ ဆံပင်ကလေး
တွေ ကပိုကရိုကျနေတော့ ဦးညှို့နက် သပ်
တင်ပေးမိသည်။"အဟိဟိ"
"ဘာဖြစ်တာတုန်း အဲ့တာ"
"အသွေးမြတ် ပျော်လို့ပါ""သွေးကလေးရယ်"
" ဦးလို့ခေါ်မယ်နော်"
"အွန်း"
"ဦး"
"ပြောလေ"
"ဦး သွေးကို ချစ်လား ဟင်"
"ထင်တာပဲ"
"ဟွန့်ဟင်း ဦးကလည်း အစောက
ဦး အိပ်နေတုန်း ယောင်တော့ ဇလပ်ဆိုလားဘဲ
သူက ဘယ်သူလဲ"" ဦး အချစ်ဦး"
"ဟင့်""ဒါဘယ်လဲ အန်ကယ်မရှိလို့ ဦး ရင်ခွင်ထဲ
အိပ်ဖို့ လာခဲ့တာ မလား လာ"
"အို နမ်းပြန်ပြီ"
"မင်းကိုလည်း ဦး စွဲလန်းနေပါပြီ သွေးကလေးရာ"
YOU ARE READING
Love + Love [Normal Fiction]
Romance[Completed- Season one & two] Author... Blackclock