part31/S-2 (unicode )

1.7K 23 6
                                    

31
love+love (Season 2)
Author blackclock

Chapter 19

   စာရေးဆရာကား သေဆုံးခဲ့ပြီ။

ဇင်ချမ်းတဲ့။ ထိုသေဆုံးသူ နာမည်က
ဇင်ချမ်း။ ဝတ္ထုကမ္ဘာထဲမှာ သေဆုံး
သွားခဲ့တဲဲ့သူ။

ညှို့နက်ဆိုသော ကလောင်နဲ့
ဝတ္ထုတွေ ရေးခဲ့တဲ့ ထူးဆန်း
လွန်းသော လူစင်စစ် မဟုတ်
လေသည့် စာရေးဆရာ။

သေဆုံးသွားခဲ့လေပြီ။
   သို့ပေမဲ့ ရှင်သန်လာတာကတော့
စာရေးဆရာ ဖန်ဆင်းခဲ့လေတဲ့
ဇာတ်ကောင် ဦးညှို့နက်။

     မြွေတစ်ပိုင်းလူတစ်ပိုင်း မိစ္ဆာ။

   
လူသားစင်စစ် မိန်းမတစ်ယောက်ကို
 ချစ်သလိုလို ရှိပေမဲ့ စာရေးဆရာကို
မုန်းလိုစိတ်နဲ့ သိမ်းပိုက်ထားမိလေတဲ့
အဆိုးအတေ လူဆိုးကြီး။

" ဦး "
"ဘာတုန်းကွာ"
"ဘယ်အချိန်ရှိနေပြီလဲ ဦးရဲ့ ဟွန်"
"ဟ မင်း စာတတ်တာပဲ ကိုယ့်မျက်လုံးသုံးလေ"
"ဟာ ဦး နော် ဦး ညပိုင်းအပြင်ထွက်တာ
အတော်ကို ညဥ့်နက်နေပြီ သားလေးတောင်
အိပ်သွားပြီ"
"ဒါဆိုလည်း ငါက ဘာလုပ်ရမလဲ"
"ဦး"

တစ်ပတ်တစ်ရက် ထပ်ဆင့်ကြာလာ
လေတော့ ဆုတ်ယုတ်လာလေတဲ့
နှစ်ကိုယ်ကြားက အချစ်။

   အသွေး အိပ်ခန်းထဲ ဒယိမ်းဒယိုင်
ဝင်သွားလေတဲ့ ဦးရဲ့နောက် စိတ်တိုတို
လေးနဲ့ လိုက်သွားမိတော့ အဝတ်ချွတ်
လဲနေသူ။

" ဦး "
"ဘာလဲကွာ"
"ဦး အသွေးကို မချစ်တော့ဘူးလား ဟင်"
"ဟမ်"

  အသွေးပြောတော့ ရီဝေဝေ အကြည့်
တွေနဲ့ ကြည့်လေတဲ့ ဦး။ အသွေး ရင်
တွေ ခုန်လာမိတဲ့အဖြစ်။ စိတ်ကို ထိန်း
မရတော့ လွမ်းစိတ် တောင့်တစိတ်တို့ကို
ကိုင်ဆွဲလို့ ဦး နှုတ်ခမ်းတွေ ပြေးကပ်နမ်းပစ်
လိုက်မိလေပြီ။

" ချစ်ကြရအောင်ကွာ နော် "

အသွေး မပြောလို။ ဦးညှို့နက် ရင်ခွင်ကြီးကိုသာ
တဝကြီး ဖက်လို့ လောကကြီးကို မေ့ဖျောက်ထားပစ်မိလိုက်သည်။

  
ဦးညှို့နက်ရဲ့ အနမ်းကြမ်းကြမ်း
အချစ်ကြမ်းကြမ်းတို့အောက် သာယာ
မိန့်မူးပျော်ဝင်နေမိသည်။ အချစ်တွေ
အေးလာတယ်ထင်အောင် ဦးညှို့နက်
နေတတ်ပေမယ့် အခုလိုအချိန်မျိုးတွေ
သာဆိုရင်.....

ညသည် တိတ်ဆိတ်နေလေပြီ။

    အသွေးလည်း အိပ်မောကျသွား
ခဲ့လေပြီ။ သို့ပေမယ့် တစ်စုံတစ်ဦး
ကတော့....

   လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အိပ်ခန်းထဲ
က လူတစ်ယောက်။

  " ရွှီ ရွှီ"

မြွေတွန်သံ။

ဦးညှို့နက် အသံထွက်ပေါ်ရာ အိမ်ခြံဝန်းဘက်
ပြတင်းတံခါးဆီ ပြေးလို့ ဖွင့်ကြည့်မိတော့
အမြီးအဖျားလေးသာ မြင်လိုက်ရလေသည်။

မြွေဖြူတစ်ကောင်။
     ပဟေဠိတစ်ခုအနေနဲ့
ဝှက်ထားခဲ့တဲ့ စာရေးဆရာ
ဖန်ဆင်းခဲ့လေသော မြွေဖြူမ။

  သတိတရ ရှိမိလေတော့ သားဖြစ်သူ
မုန်းသွေးအိပ်ခန်းဆီ အရောက်လာလေ
တဲဲ့အခါ ....

" ဟူး တော်ပါသေးရဲ့"

နှစ်ခြိုက်စွာ အိပ်မောကျနေသော
သားဖြစ်သူကို မြင်ရလေမှ ဦးညှို့နက်
စိတ်အေးသွားရလေတော့သည်။

သားအရင်းမဟုတ်ပေမယ့်
ဘာရယ်ကြောင့် ဒီကလေး
အပေါ် ခင်တွယ်နေမိမှန်းမသိ။

"ဖေဖေ"
"ဟင် ဟေ ဟေ သား တရေးနိုးတာလား"
"ဟွန့်အင်း"

အိပ်ရာထက် လူးလွန့်ကာ ထလာလေတဲ့
မုန်းသွေးလေး။ ဦးညှို့နက် ကလေးအနား
သွားထိုင်မိလေတော့ ကလေး ပါးတစ်ဖက်မှာ ထင်း
နေအောင် မြင်ရတဲ့ အပ်ပေါက်အရွယ် မှဲ့နီ နှစ်ပြောက်။

ဘာသဘောလဲမသိ။ မြွေဖြူမ ပေါ်လာ
တာရယ်၊ မှဲ့နီက မုန်းသွေးပါးပေါ် ရောက်
နေတာတွေက.....

အထူးတဆန်းတွေ ဖြစ်လာဦးလေမလား။

" အိပ်တော့လေ သားလေး ဖေဖေပါ
အတူတူ အိပ်ပေးရမလား လာ"

   အသွေးဆိုတဲ့ မိန်းမကို ထင်သလောက်
စိတ်မပူမိပေမယ့် ဒီကလေးကိုမှ ဘာရယ်
ကြောင့် စိုးရိမ်စိတ်တို့ ပွေလီထနေတယ် မသိ။

  ကလေးကို ဖက်လို့သာ စိုးရိမ်ရင်း
အိပ်ပျော်သွားခဲ့လေသည်။

ထိုအချိန် တစ်ဦးတည်း အိပ်ပျော်လျက် ကျန်နေခဲ့လေသော အခန်းတစ်ခုစီက အသွေး တစ်ယောက်သည်လည်း မမြင်မမက်ဖူးလေသော အိပ်မက်တစ်ခုကြောင့် အိပ်မက်မက်ရင်း ထိတ်လန့်နေရှာလေသည်။


မက်နေတာကတော့
တစ်ကမ္ဘာခြားကနေ
သူမကို အကူညီတောင်းနေတဲ့
ယောကျာ်းပျိုကို အသည်းအသန်
ကြည့်နေမိခြင်းပင်။

  ထိုလူ အဘယ်သူနည်း သူမ
အတွေးကြီးတွေးလို့သာ။

အပိုင်း ၃၂မျှော်
Author blackclock

7:49pm | 14-12-2021 Tue
(အားပေးမှုတိုင်းအတွက်
ကျေးဇူးပဏာမတင်ရှိပါ၏။)

Love + Love [Normal Fiction]Tahanan ng mga kuwento. Tumuklas ngayon