Love + Love
|Author BlackclockChapter 10
ည၏ အသွေးရောင်ကား မှိုင်တွေနေလေ
သော မိန်းမပျိုကလေးအပေါ် ရိပ်ထိုး ကျနေလေ
သည်။ သူမက အဘယ်သူနည်း။တခြားသူ မဟုတ်။
ဝတ္ထုကမ္ဘာထဲက ထွက်လာလေသော
လူသား မိန်းကလေး အသွေးမြတ်လျှံခြယ်
သာ တည့်။
အသွေးမြတ်လျှံခြယ် တဲ့။စာရေးဆရာရဲ့ အပေးအယူစာချုပ်အရ
ချစ်ရသူ သူမရဲ့ ဦးညှို့နက် လာအခေါ်ကို စောင့်မျှော်
နေရမယ့်သူ။အခုလည်း သူမ ကာရာအိုကေဆိုဖို့
စင်မြင့်ကလေး နံဘေး ခြေတုံခြတုံ ဖြစ်
နေလေရဲ့။ဝတ်ထားတာကလည်း လုံလုံခြုံခြုံ။
သူများတွေလို အတိုအပြတ်မဟုတ်။ရင်ဖုံးလက်ရှည်ကလေးနဲ့
လိုက်ဖက် ညီလှစွာသော ထဘီအဆင်
ဆန်းကလေးကို ဝတ်ထားသူ။ဒီကမ္ဘာမှာတော့ သူမက တစ်ကောင်ကြွက်
တစ်မျက်နှာ မိန်းကလေး တစ်ယောက်။ အမိ
မဲ့ အဖမဲ့ ဖြစ်လို့ ကိုယ့်ဝမ်း ကိုယ်ကျောင်းနေ
ရလေသူ။သူမ ဆိုဖို့ အလှည့်ကျတော့ စင်အောက်က
လူတစ်စုကို မကြည့်ရဲ။ အောက်က စားသောက်
နေသူ ပုရိသ ယောကျာ်းအများကတော့ သူမကို
သွားရည်တမြားမြားနဲ့ ကြည့်နေမှာတော့ အသေ
အချာပင်။ကိုယ်လုံးကိုယ်ထည် တင်းတင်းရင်းရင်း
ရှိလို့ မြန်မာဆန်လွန်းတဲ့ သူမ ကိုယ်လုံးလေး
က ရင် တင် ဘော်ဒီဆိုဒ် သိပ်မိုက်လွန်းတာမို့…ချိုမြိန်လွန်းတဲ့ အသံကလေး နှောလို့
သီချင်းကလေး စတင်ဆိုလိုက်ချိန် ခွက်
ကျသံ၊ ဟင် ဟာ အာမေဋိတ်သံတို့က
ခပ်ဆဆ ထွက်ပေါ်လာလေသည်။သို့ရာတွင် သူမ အတွက် သိပ်မထူးဆန်း
လေတော့…….ပြောင်းခဲ့ရတဲ့ ဆိုင်ပေါင်းကလည်း
လှပတဲ့ မျက်နှာဖြူဖြူဥဥ၊ တပ်မက်
ဖွယ် ကိုယ်ထည်အလုံးအရပ်တို့ကြောင့်
ခေါ်ချင်သူ ပေါသော နည်းခဲ့တာမဟုတ်။အကပ်များတဲ့ ယောကျာ်းရိုင်းကြီးတွေ
ကြောင့် သူမ ပြေးထွက်ခဲ့ရတာကြောင့်
နေရာပင် အတော်နှံ့ခဲ့လေပြီ။
YOU ARE READING
Love + Love [Normal Fiction]
Romance[Completed- Season one & two] Author... Blackclock