Love + Love
|Author Blackclockစာက ရေးလက်စ၊ မြင်နေရလေသည်က
တရစပ်သွားနေလေသော စကားလုံးတချို့။ဇင်ချမ်း ကိုင်ထားသော ဖုန်းကို ပစ်ချလို့
အလိုလို ပေါ်လာသော အပိုင်းဆက် စာ
သားတို့ကို တအံ့တသြ ငေးလို့သာ ကြည့်နေ
မိလေသည်။တောင်ကမ်းပါးယံသို့ သွားနေလေသော
ဇာတ်ကောင်တွေ။ သူ ဘာလုပ်ရမယ် မသိ။
ရေးပြီးတင်ထားလေသော အပိုင်းလိုက် စာ
တို့ကို စစ်ဆေးကြည့်လေမှ သိရတာက သူ့ကို
သတ်လို့ သက်ရှိလောကကို ဦးညှို့နက်တို့
ဇာတ်ကောင်တွေ ရောက်လာမယ်တဲ့လေ။ဟင်း…… မဖြစ်သေးပါဘူး။
ဇင်ချမ်း ထိုင်ရာက ထလို့ ဟိုလျှောက်
ဒီလျှောက် လုပ်ရင်း တွေးနေမိလေသည်။ဘယ်လို အဖြစ်ဆန်းပါလိမ့်။
အသက်ဝင်နေတဲ့ ဝတ္ထုဇာတ်လမ်း။" အင်း မဖြစ်ဘူး ငါ တစ်ခုခု လုပ်မှ
ဖြစ်တော့မယ်"ဇင်ချမ်း အကြံရတော့ ချက်ချင်းဆိုသလို
အပိုင်း ၁၈ကို ကောက်ကာငင်ကာ ရေး
လိုက်တာက………ဇာတ်ကောင်တွေနဲ့ ချုပ်ဆိုတဲ့
ကတိစာချုပ်။" ဟင်……"
"ဘာဖြစ်တာလဲ ဒါက"
"ဒယ်ဒီ အဲ့ဒါက"
"ခဏစောင့်လိုက်ပါ သမီး"တစ်နေရာက ပေါ်လာလေသော စာချုပ်။
စာရွက်ထက် ရေးထားတဲ့ စာသား အချို့။မကြာလိုက် သားလက်မောင်းကို ဖက်ထား
လို့ ဗီလိန်ဒယ်ဒီကို သတိနဲ့ စောင့်ကြည့်နေ
ခိုက် မြွေတစ်ပိုင်းလူတစ်ပိုင်းကိုယ်ဖြင့် အမြန်
အဆန် ရောက်လာတဲ့ ဦး။ ဦးညှို့နက်။"ဦး"
"အခုပဲ သိတယ် သွေး မပူနဲ့"
"ဘာတွေလဲ အဖေ ၊ ဘာတွေဖြစ်ကုန်တာလဲဗျ"" ငါတို့တွေ ဘယ်လိုလုပ်မလဲ မောင်ရင်"
"သဘောတူညီမှု ယူလိုက်ကြတာပေါ့
ဟိုဘက်လောက ကမ္ဘာရောက်မှ တစ်မျိုး
တစ်မည် စီစဉ်ကြတာပေါ့ "စာရေးဆရာ ရေးတင်လိုက်တဲ့ စာအရ
သူတို့လောက ကမ္ဘာတံခါးကို စာချုပ်ပါ
အချက်တွေ လိုက်နာတာနဲ့ ဖွင့်ပေးမယ်တဲ့
လေ။ ဘာဖြစ်ဖြစ် ဒီဝတ္ထုထဲမှာတော့ သူတို့
က စာရေးဆရာရဲ့ ကြိုးဆွဲရုပ်တွေသာမို့……
VOCÊ ESTÁ LENDO
Love + Love [Normal Fiction]
Romance[Completed- Season one & two] Author... Blackclock