love+love
Author blackclockChapter 20
" မင်္ဂလာပါဗျ"
"အို ဟုတ်ကဲ့ရှင့် စေစေ မရှိသေးဘူးရှင့်
အပြင်သွားပါသေးတယ်"စောက်ကျိုးနဲ စိတ်ကုန်လေကုန်လို့
စေစေအိမ် လာလည်ပါမှ အိမ်စောင့်
ကျရတဲ့ အဖြစ်။
သားနဲ့အတူ စေစေ မုန့်စားသွားတော့
အခုလာတဲ့ ဧည့်သည်လူကို အသွေး
ဧည့်ခံစကားပြောရတော့မယ်။" ဘာကိစ္စများ ရှိလို့လဲ မသိ"
" ဟုတ်ကဲ့ ကျွန်တော်က စေစေ ခွေအသစ်မှာ
သီချင်းရေးပေးထားတဲ့ composerတစ်ယောက်ပါ""အော် ဟုတ်ကဲ့ရှင့်"
တေးရေးဆရာဆိုတော့ တေးသီငှက်မလေး
ဖြစ်ဖူးတဲ့ အသွေးတစ်ယောက် တလေးတစား
ဦးညွတ်လုလု လေးစားသမှုပြသမိလိုက်လေသည်။ခင်မင်ဖွယ်ရာကောင်းတဲ့ လူမို့
စေစေတို့ ပြန်မလာခင်အထိ လေကုန်
နှုတ်ပမ်းကျတဲ့အထိ စကားတွေ ပြောမိ
ကြသည်။စေစေတို့ ပြန်လာမှ ပြောလိုရာ
ပြောစေဖို့ ရှောင်ပေးသော်လည်း
ထိုလူ ခွင့်မပြု။ အိမ်ထောင်ရှိ အမျိုး
သမီးကို ထိုလူ ဆက်ဆံပုံက ရိုးသား
ပုံထင်ရသော်လည်း ………" တီ…… တီ……"
"ဟော နင့်ခဲအို လာခေါ်ပြီ သွားတော့မယ်
စေစေရေ နော် ရတယ်မလား""အို ရပါတယ် မမရယ် လိုက်မပို့တော့ဘူးနော်
ဧည့်သည့်နဲ့မို့""အွန်းအွန်း"
သားက ရှေ့က ပြေးနှင့် ပေမယ့်
အနောက်ကနေ အသွေး ထ လိုက်
လာမယ် ပြင်ဆဲ နားစွန်နားဖျား
ကြားလိုက်ရတာက……" အိမ်ထောင်နဲ့လား " ဆိုတဲ့
တေးရေးဆရာရဲ့ တိုးတိုးလေး
မေးသော စကား။" တက်လေကွ ဘာငိုင်နေတာလဲ "
"အို ဦးကလည်း တက်မှာပေါ့"
"အရှေ့က တက်"
"အွန်းပါ မုန်းသွေး သား မင်းအဖေ
ကားမောင်းမှာကို လာ ဆင်း""နေပါစေ ကလေး သူ့ဖာသာနေတာကို"
ဦး မျက်နှာ မကောင်း။ အလုပ်မှာ ဘာဖြစ်
လာတယ်မသိ။ တစ်ခုခုတော့ တစ်ခုခု။ဦးညှို့နက် မြင်လိုက်ရတဲ့ ကောင်ကို
သဘောမတွေ့။ စိတ်ထဲမှာ တစ်ဖက်ကမ္ဘာ
က လှုပ်ရှားလာတဲ့ အကောင်ကြောင့်
စိတ်ပူမိတာတော့ အမှန်ပင်။အိမ်ရောက်တော့လည်း တစ်အိမ်လုံး
အသွေးသွားတဲ့ နေရာအနှံ့ သားကို ချီ
ကာ မသိမသာ လိုက်နေမိလေသည်။စာရေးဆရာက အတွေးနဲ့ သူဋ္ဌေးသမီး
တဇောက်ကန်းမလေးအစား
ကာရာအိုကေအဆိုတော်မလေးကို
ဖန်တီး ထည့်ထားခဲ့ပေမယ့် သေသွားတာက
စာရေးဆရာ။ ကျန်နေတာက သေသလား
မသေသလား မသိတဲ့ ရူးမိုက်တဲ့ မိန်းမ
တစ်ယောက်။သားတော်ဖူးခဲ့တဲ့ ညှို့မှိုင်းသခင်။
ရန်လိုနေတတ်တဲ့ ဦးမြတ်သျှန်ထွန်း။
ကိုယ်ပေါ်မှာ ရှိနေတဲ့ အနက်ရောင်
နာရီတက်တူးရှိနေသရွေ့ သူ့ကို သတ်
လိုစိတ်က ထိုလူဆိုးကောင်ကြီး စိတ်မှာ
ပြေပျောက်နိုင်မှာ မဟုတ်။
သူတောင် ထွက်လာနိုင်သေးရင်
ထိုသုံးယောက်ကော……'ဟာကွာ……ဟူး…… တောက်……'
"ဟင် ဦး ဘာဖြစ်နေတာလဲ
နေမကောင်းလို့လား "မူမမှန်တဲ့ လင်တော်မောင် နဖူးကို
အသွေး စမ်းသပ်ကိုင်ကြည့် မေးမိ
တော့ ခေါင်းကို တွင်တွင်ခါနေတဲ့
ဦး။စိတ္တဇရောဂါ ပြန်စလာလေသလား။
ဒါမှမဟုတ် သူမပဲ ရူးနေတော့တာ
လား။ အိပ်မက်ကြောင့်များလား……" အို ပေါက်တက်ကရတွေ နေမှာပါ
ငါ စိတ်စွဲလို့ မက်တာပဲဟာ……"အသွေး စိတ်ထဲက ရေရွတ်နေမိ
လေတဲ့အခါ သားကိုဖက်ထားရင်း
ဦး အိပ်ပျော်နေလေပြီ။ပင်ပန်းသွားပြီ ထင်ရဲ့။
အိပ်ပျော်နေတဲ့ သားအဖနှစ်ယောက်ကို
ကြည့်နေမိချိန် ထုံထိုင်းနောက်ကျိလာလေ
သူ အသွေး။ တဆစ်ဆစ်ကိုက်နေတဲ့ ခေါင်း
ကို လက်နဲ့ ဖိနှိပ်ကာ ထားမိချိန် ဝေဝါးလာ
သော သတိစိတ်။လွင့်ထွက်လုလု အသိဥာဏ်။
ထို့နော် ထို့နောက်တော့………"ဟဟား ဟား ဟား ဟားဟား"
တဟားဟား ရယ်နေတဲ့ မိန်းမတစ်ယောက်။
သူမ ကိုယ်ထဲ ဝင်ကာ ရယ်နေတာကို မြင်ရ
ပြီးတဲ့ နောက် သူမ ရောက်သွားတာက……သူမ ရုပ်ခန္ဓာနဲ့ ဝေးလွန်းရာ တစ်နေရာဆီသို့…
ဟုတ်ပေသည်။ စာရေးသူ သေဆုံး
မည့်အရေးကို ကယ်တင်ရမည့် အချိန်
ရောက်လုလု တစ်နေရာဆီသို့……။အပိုင်း ၃၃မျှော်
Author blackclock5:22pm | 15-12-2021 Wed
(အတွဲတွေ ပြန်ချိန်းပေးထားပါတယ်၊
တစ်ကမ္ဘာစီမှာ နူးညံ့ညင်သာတဲ့
ချစ်ခြင်း၊ ကြမ်းတမ်းပြီးအရိုင်းဆန်မယ့်
ချစ်ခြင်းတွေကို ဆက်လက်ဖန်တီး
ရေးသားသွားပါမည်။)

YOU ARE READING
Love + Love [Normal Fiction]
Romance[Completed- Season one & two] Author... Blackclock