Love + Love
|Author BlackclockChapter 5
" တောက် ကွာ မင်းတို့ ဘာလုပ်နေကြလို့လဲ"
"ကျွန်တော်တို့ကို တွယ်ခဲ့ပြီး ဘော့စ်သမီးကို
အဲ့လူ သမဖို့ ခေါ်သွားတာ ဖြစ်မယ် ဘော့စ်"" ဖြောင်း……ခွပ်……"
ပစ်ပိတ်ထိုးနေလေသော လူ။ ဦးမြတ်သျှန်ထွန်း။"ခွေးစကား မပြောနဲ့ ညှို့နက်ဆိုတာက
အထက်ကလူတွေတောင် သည်းသည်းလှုပ်
ဂရုတစိုက် အားကိုးချစ်ခင်ခံနေရတဲ့ လူကွဘာလဲ မင်းတို့ကောင်တွေ အသုံးမကျလို့
အဆော်ခံထိတာလား မင်းတို့တွေ ဟိုက
အပေါက်တက်မဆော်သွားတာကံကောင်း"" ……"
ခွေးမသားတွေ တစ်ကောင်မှ မလှုပ်တော့။
" မင်းတို့တွေတော့ ကံဆိုးပြီထင်တယ်
အပြင်မှာ ကားသံကြားတယ် မင်းတို့ပြောသမျှ
ကိုလည်း ဟိုကောင် ဘယ်အနားထားမှန်း
မသိတဲ့ အသံဖမ်းထားတာတွေကနေ သိလောက်
ပြီ""ခင်ဗျာ"
"ခင်ဗျာ မနေနဲ့ မင်းတို့တော့……ဒါပဲ……"နားထင်ကို သေနတ်ပုံစံလက် လုပ်လို့
တေ့ပြတော့ ငကြောက်တွေ လန့်ဖျပ်ကုန်
လေပြီ။ သေချာတာကတော့ ဒီအကောင်တွေ
စနက် ဖြစ်လိမ့်မယ်ဆိုတာ အသေအချာ။" ဒယ်ဒီ………"
"ဟာ သမီး"
"အဟင့်ဟင့်"အခြေအနေတွေက ထင်ထားသလို ဖြစ်မလာ။
သမီးတစ်ဦးတည်းသာ ကားတစ်စင်းပေါ်က ဆင်း
လာ ပြေးဖက်လာသည်။"ညှို့နက်ကော သမီး"
"ဟင့်အင်း"
"ဘာ ခေါင်းရမ်းတာလဲကွယ်
ဘာဖြစ်သလဲလို့ ဒယ်ဒီကို ပြော"
"ဦး ဦး သမီးကို ……"" ဟင် ဘာလို့လဲ"
"မမေးပါနဲ့ ဒယ်ဒီရယ်……အဟင့် ဟင့်……"မေးလို့လည်း မရ။ မျက်ရည်တပေါက်ပေါက်
ကျကာ အိမ်ပေါ်သို့ သမီးခမြာ တက်ပြေးသွားရှာ
လေသည်။ ဦးမြတ်သျှန်ထွန်း ပဟေဠိ များစွာနဲ့
သာ ကျန်ခဲ့လေတော့သည်။" အန်ကယ် "
"ဟင် ညှို့နက် မင်း……"
"ဘာလို့လဲ အန်ကယ် "
"မင်း ဘယ်က ပြန်လာတာလဲ
သမီးနဲ့ အတူတူ ဘာလို့ ပြန်မလာလဲ"
YOU ARE READING
Love + Love [Normal Fiction]
Romance[Completed- Season one & two] Author... Blackclock