[ Zawgyi ]
' စိန်လိုက်လေ '
' အင်း ကောင်းပြီ ဒါဆို နောက်တစ်ပတ် ကနေစကြတာပေါ့'
' ဒါနဲ့ ဘာကြေးလဲ ?'
' ဟက် ..လာစားနေတာလား
မင်းအခု ကစားမဲ့သူက ဒီကျောင်းကြီးရဲ့ Queen နော် သူနဲ့တွဲဖို့သာ ရအောင်ကြိုစားလိုက်ဦး'' အဲ့လောက်တောင်ခက်တာလား'
' ဒါပေါ့ သူကအရမ်းလှတာ ဒါပေမဲ့ မာနကတစ်ခွဲသားနဲ့ကွ '
'ဟက်..အဲ့တာဆို ပိုပြီးပျော်ဖို့ကောင်းသွားပြီဘဲ '
မီးရောင်စုံတွေ တလဲ့လဲ့ ထနေသော ကလပ်၏ ဘားထိုင်ခုံတွင် ထိုင်ကာ စကားတွေဆိုရင်း မျက်စိရှေ့မှ အလှပဂေးများ၏ အလှများကို ကြည့်နေကြသူ သျှင်းထက်တမန် နဲ့ ၀ဏအာကာ ။
~~~~
ကျော်ကြားလှတဲ့ နာမည်ကြီးတက္ကသိုလ် ကျောင်းဝင်းထဲသို့ နောက်ဆုံးပေါ် အဆင့်မြင့်ကားလေးတစ်စီးပေါ်မှ တံခါးပွင့်ကာ ခြေတံသွယ်သွယ်လေးမှာ မြေပြင်သို့ ကျရောက်သွားသည်နှင့်'အမရာ!!! ငါနင့်ကိုချစ်တယ်'
အပွင့် ၁၀၀ရှိသည့် ပန်းစည်းကြီးကို ကိုင်ကာကျယ်လောင်စွာ အော်နေသော်လည်း သူမမှာ ထိုသူ့ဆီသို့ တည့်တည့် လျှောက်လှမ်းရင်း..အနက်ရောင် ပိုးသားဂါဝန်လေးမှာ ဒူးအော်ထိရှည်သြော်ငား ပေါင်ရဲ့ဘေးမှ ခွဲထားသဖြင့် ခြေတစ်လှမ်းလှမ်းတိုင်း ပေါင်တံဖြူဖြူမှာ သွယ်လျစွာ ပေါ်လွင်နေသည်။
လေလေးတစ်ချက်တိုက်တိုင်း လွင့်ပျံသွားသော ဆံသားတွေထက်မှ ရနံ့သည် ဖြတ်လျှောက်လာခဲ့သော နေရာ ၀န်းကျင်အစုံ၌ မွှေးပျံ့ ကျန်ရစ်နခဲ့သည်။
နီညိုရောင် မျက်ဆံထက်မှ ရှည်လျားကော့ညွတ်နေသော မျက်တောင်များသည် လုံးဝန်းနေသော မျက်လုံးအစုံကို လှပစွာ ပုံဖော်ပေးသလို ဇင်ယော်ပုံစံဖြင့် အကျအနတည်ရှိနေသော မျက်ခုံးမွေးသည်လည်း သူ၏ သဘာဝအတိုင်း လှပနေပြန်သည်။ နှာတံချွန်ချွန်နှင့်အညီ နှုတ်ခမ်းဖူးဖူးလေးသည် ပနံ့သင့်စွာ တည်ရှိနေလေတော့ သူမသည် သက်ရှိ နတ်သမီးလေးအလား..
YOU ARE READING
မာနတွေဖြင့် စတင်ခဲ့သော
Romanceမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...