[ Zawgyi ]
ဒေါက်...ဒေါက်
' သမီး တံခါးဖွင့် '
'သမီးဂျက်မချထားဘူးဖေ ၀င်လာခဲ့လေ '
ချစ်သမီး၏ မနေ့ကငွေ ၁၅သိန်းထုတ်ရန် လုပ်နေသော အကြောင်းကို အတွင်းရေးမှူးဖြစ်သူ ဖြိုးသူ ဆီမှသိရသဖြင့် လာရခြင်းဖြစ်သည်။
သမီးကို ကိုယ်ပိုင် ပိုက်ဆံ ၊ ကိုယ်ပိုင် ဆုံးဖြတ်ချက် ၊ ကိုယ်ပိုင် ဟူသော အရာတွေဖြင့် ပြည့်ပြည့်စုံစုံထားခဲ့သော်လည်း လမ်းမှားရောက်မှာစိုးရသေးသည်။
'သမီးမနေ့က ငွေထုတ်ချင်တယ်ဆို ဟုတ်လား သမီး '
ကုတင်ပေါ်မှာထိုင်နေသော ရိုးရဲ့ အရှေ့ရှိ စာကြည့်စားပွဲမှ ထိုင်ခုံကို ဆွဲယူကာ ထိုင်လိုက်လျှင်
'ဟုတ်တယ် ဖေဖေ '
'သမီးကို ဖေဖေတို့ တစ်ခါမှ မချုပ်ချယ်ခဲ့သလို တခါမှလည်း အတင်းအကြပ်မလုပ်ဖူးဘူး သမီးကိုယ်တိုင်ကလည်း ဖေဖေတို့ကိုတစ်ခါမှိတ်မပျက်စေခဲ့ဘူး ဒါပေမဲ့ သမီးဘာလို့ငွေအများကြီးထုတ်ရသလဲ ဆိုတာ..'
'သူငယ်ချင်းတစ်ယောက်ကြောင့်ပါ သူမတော်တဆဖြစ်လို့ ကူညီတာ သူက အတိုးရော အရင်းပါ ဆပ်မှာပါတဲ့ '
'အင်း ဟုတ်ပါပြီ သမီးကိုမယုံလို့မေးတာမဟုတ်ဘူး.. '
' သမီးသိပါတယ် ဖေဖေ '
' အင်း အော် ညနေသမီးအမေ ဆီကို ခန၀င်လိုက်ပါဦး
နှစ်ယောက်စလုံးအလုပ်ရှုပ်နေကြတော့ တစ်ယောက်နဲ့ တယောက်မတွေ့ရတာ ကြာပြီမလား သွားလိုက်ဦးနော် '' ဟုတ်ကဲ့ ဖေ'
' ဒါဆို ဖေဖေအလုပ်သွားတော့မယ် '
' ဟုတ် ဟီးးးဘိုင့်ဘိုင်'
ချပ်
တံခါးပိတ်သံအဆုံး ရိုးလည်းကုတင်ပေါ်မှ ထိုင်နေရာက ကန့်လန့်ဖြတ်အနေအထားဖြင့် လှဲအိပ်လိုက်သည်။
ကုတင်ဘေးမှ အားသွင်းထားသော ဖုန်းကို ကြိုးမှ ဖြုတ်ပြီး ကြည့်လိုက်လျှင် မီးစိမ်းနေကြမဟုတ်တဲ့ အကောင့်နံပါတ်လေးက မီးလေးစိမ်းနေလေတော့
မကြာပင် ဖုန်းလေးက မြည်လာလေသည်။
ESTÁS LEYENDO
မာနတွေဖြင့် စတင်ခဲ့သော
Romanceမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...