[ Zawgyi ]
' ရိုး!!'
လမ်းတစ်ကမ်းမှာရှိတဲ့ ချစ်ရသူကြားရစေဖို့ သျှင်းခေါ် လိုက်သည်။လှည့်ကြည့်လာပြီး သျှင်းဆီကို ပြေးလာသည်။သျှင်းလည်းထိုနည်းတူ သူမဆီ အပြေးသွားသည်။သို့သော် မရောက်နိုင်ဖြစ်နေသဖြင့် သျှင်းသံသယ၀င်လာသည်။
ရိုးကတော့ ပြေးနေတာက်ု ရပ်ကာ သူ့အားလက်ဆန့်တန်းပြီးဆီးကြိုနေသည်။အပြေးသွားပြီးပွေ့ဖက်ချင်ပြီမို့ အမြန်ပြေးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းပေ သျှင်းနှင့် ရိုးအကြား အနီရောင် ကုန်တင်ကားတစ်စီးဖြတ်ပြေးသွားသည်။
ဖြတ်သွားသော အနီရောင်ကားက သူ၏ချစ်ရသူများခေါ်သွားလေသလား??ထိုနေရာ၌ရိုး ရှိမနေတော့။လက်ထဲမှ ကိုင်ထားသော နှင်းဆီပန်းစည်းကို ပစ်ချကာ ထိုကားနောက်အပြေးလိုက်ခဲ့သည်။
အပြေးလိုက်နေရင်း တံတားဆုံးသို့ရောက်ခါနီးပြီမို့ အပေါ်က တံတားအမည်ကို တွေ့လိုက်သည်။
' မရဏ ' တဲ့
လန့်နှိုးလာခဲ့သော်လည်း အစွဲကြီးလွန်းတဲ့သျှင်းက တော်ရုံမမေ့နိုင်..။သူ၏စိတ်ထဲတွင် သူက ရိုးကို...မဖြစ် ။ မပိုင်ဆိုင်ရရင်တောင် မြင်ချင်ဆုံချင်သေးသည်မို့ ရှေ့မတိုးရဲခဲ့။
ထိုနေ့မှစ၍ ဆုံးဖြတ်ချက်ချခဲ့သည်။ထိုဆုံးဖြတ်ချက်ကတော့ 'မင်းကို ပိုင်ဆိုင်ချင်တယ် ပိုင်ဆိုင်ပြီးတော့မှ ဆုံးရှုံးရမယ်ဆို ကိုယ်မင်းကို အမြဲအဝေးကနေကြည့်နေမှာ ရိုး'
အိမ်မက်တွေရဲ့အစက ထပ်တူညီသလောက် အဆုံးသတ်က ကွဲပြားနေသည်။သူတို့ကံကြမ္မာက ဘယ်တွေဆီဦးတည်နေတာလဲ???
~~~~
ရိုး ဒီနေ့ဆိုင်လာတော့ စိတ်တွေလေးနေသလို စိတ်မရွင်။
' မမလေး ဒီစာရင်းလေး တစ်ချက်လောက်စစ်ပေးပါလား '
ဝန်ထမ်းကောင်မလေးတစ်ဦးပြောမှ ရိုးအသိဝင်လာသည်။
'ဟမ်..အေး ပေး '
ရိုး အဲ့အိမ်မက်ကို အစဖျောက်ပစ်ရန်အတွက် အလုပ်ထဲသာ အာရုံစိုက်ခဲ့သည်။
YOU ARE READING
မာနတွေဖြင့် စတင်ခဲ့သော
Romanceမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...