[ Zawgyi ]
လွန်ခဲ့သော ရက်အနဲငယ်က
' ဒီမှာပါ မမလေးရှာခိုင်းတဲ့ ပစ္စည်း '
' အေး ဖေဖေ့ကိုတော့ပြန်မပြောနဲ့ကြားလား '
' ဟုတ်ကဲ့ ဒါပေမဲ့ ဒီဆေးက သိပ်ပြင်းတယ်လို့ကြားတယ် သုံးရင် စွဲမသုံးပါနဲ့လို့မှာသွားတယ် '
'အင်း ငါသိတယ် သွားတော့ '
' ဟုတ်ကဲ့ '
ရိုး လက်ထဲက အဖြူရောင် အထုပ်လေးကို ဆုပ်ကိုင်ထားရင်း တစ်ချက်ပြုံးရယ်လိုက်သည်။
ထို့နောက်' ရှင့်ကိုဖမ်းမိဖို့မလိုတော့ဘူး'
ထိုနေ့မှစ၍ ရိုးသည် လေး ငါးရက်တစ်ကြိမ် ညအမှောင်ယံမှာ တစ်ယောက်ထဲ မူးယစ်ရသာကို ခံစားသည်။ထိုကြောင့်နှင့်တူတယ် ရိုးအခုတလာ အစားလည်း သိပ်မ၀င်တော့သလို ယောင်ချောက်ချားဖြစ်ကာ တစ်ခါတလေပါ သိသိသာသာတုန်လာတတ်သည်။
သို့သော် သတိထား၍သုံးသည့်အလျောက် စိတ်ကို အလိုမလိုက်မိသဖြင့် မဆိုးရွား။
ဖြတ်တောက်လွယ်သည့်အနေအထားပင်။' ဆေးပေးပါ ကျွန်မရှင့်ကို အရာအားလုံးပေးနိုင်တယ်'
' မင်း!'
' တော်ပြီ မပေးလည်းနေ'
ရိုး ကားပေါ်ကနေ အမြန်ဆင်းထွက်လာရသည်။မဟုတ်ရင် ကားထဲမှ ခြေချော်လက်လွန်ဖြစ်သွားမယ့် အခြေအနေ။
ရိုး နောက်မကြည့်စတမ်းကားပေါ်မှ အိမ်ထဲသို့ တန်းတန်းပြန်သွားသည်။အိမ်ထဲရောက်သည်အထိ ကားစက်သံကို လုံးဝမကြား။ဒါဟာ သူရိုးကို လှမ်းကြည့်နေခြင်း မှန်းသိသည်။
ရိုးထဲ ၀င်တော့ ဧည့်ခန်းမှာ ထိုင်နေသည့် မေမေက
'သမီး!! '
လျှောက်နေသည့် ခြေလှမ်းတို့ တုန့်ဆိုင်းသွားရသည်။
' ဟုတ် မေ ဘာဖြစ်လို့လဲ'
' သမီး ဖေကြီးကော'
' သမီး..သမီး..ဖေဖေက စကားပြောမပြတ်သေးလို့ သမီးလည်း မနေချင်တော့လို့ အရင်ပြန်လာတာ'
ပြောပြီး လှေကားပေါ်တက်ရန် လုပ်တော့မေမေက
' သမီး!!'
أنت تقرأ
မာနတွေဖြင့် စတင်ခဲ့သော
عاطفيةမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...